8

3.8K 267 8
                                    

"ရိပေါ်... ဟို... ကိုယ်မေးစရာရှိလို့။ တစ်မျိုးတော့မထင်စေချင်ဘူး။စပ်စုတာမဟုတ်ပေမဲ့ ကိုယ်စိတ်ထဲထင့်နေလို့။"

ညနေအစောကြီး ဂျူတီပြီးတဲ့ ကောက ရိပေါ်စီလာဝင်ကြည့်ပေးပြီးမပြန်ဖြစ်သေးပဲ ခြံထဲထိုင်နေကြစဥ် စကားကြောင်းလာတာမို့ ရိပေါ်ခေါင်းငြိမ့်မေးခွင့်ပြုလိုက်တယ်။

"ရိပေါ်နဲ့ ရှောင်ကျန့်က ချစ်ကြိုက်ပြီးယူထားကြတာလား။မိဘတွေသဘောကျလား။"

ကောရဲ့မေးခွန်းကြောင့် ရိပေါ်စိတ်ထဲ တစ်ခုခုသိနေတာများလားလို့ထင့်ခနဲပင်။

"ဘာလို့မေးတာလဲ ရိပေါ်သိခွင့်ရှိလားကော။"

အမေးပေါ်အမေးဆင့်တော့ ကောက လေပူတစ်ချက် ဟူးခနဲမူတ်ထုတ်ကာ...

"ဟိုကွာ... ကောက မင်းတို့ကြားအဖုထစ်ဖြစ်စေချင်တဲ့သဘောပြောတာမဟုတ်ပေမဲ့လေ ရိပေါ်ကို ကိုယ်ညီတစ်ယောက်လိုခံစားချက်ကြောင့် ပြောချင်တာပါ။ ဟင်း... အမှန်တော့ ရှောင်ကျန့်နဲ့ကိုယ်အရင်ကဆုံဖူးတယ်။"

"ဟင်... ဘယ်မှာဆုံဖူးတာလဲ။ အသိတွေလား ကိုကိုနဲ့က။"

"အသိတော့မဟုတ်ဘူး မိန်းခလေးတစ်ယောက်ရဲ့ကားနဲ့ကိုယ့်ကားချိတ်မိတုန်းက အာမခံနဲ့လာဖြေရှင်းပေးတာက ရှောင်ကျန့်ပဲ..."

ဟောက်ရွမ်းသူပြောလိုက်ပြီးမှ ရိပေါ်စိတ်ထဲ သူ့အမျိုးသားကိုကိုယ်ကစွပ်စွဲတယ်ထင်သွားမလားဆိုတဲ့အတွေးနဲ့ ရိပေါ်မျက်နှာကိုကြည့်တော့ နွမ်းလျလျလေးပြုံးကာ....

"အင်း...ကောပြောတာ ချင်းလီကျဲဖြစ်မယ်။ ဟုတ်တယ် ကျဲက ကိုကို့ချစ်သူ။ရိပေါ်နဲ့က မိဘတွေသဘောကြောင့် လက်ထပ်ထားကြတာ။"

နာကြင်ပြုံးလေးနဲ့ပြောပြနေတဲ့ရိပေါ်ကြောင့်ဟောက်ရွမ်းစိတ်မကောင်းပေ ။ ဟိုမိန်းမနဲ့ရှောင်ကျန့်တစ်ခုခုပဲဆိုတာ သိထားပေမဲ့ တစ်ကယ်တမ်းအတည်ပြုလိုက်သည့်အခါ ရိပေါ်တွက် မမျှတသလိုပဲ....

"ကိုယ် ဘာပြောရမှန်းတောင်မသိတော့ဘူးရိပေါ်ရယ်။"

"ကော ရိပေါ်မှာလေ သူငယ်ချင်းလဲအများကြီးမရှိဘူး။ ရိပေါ်ကိုနားလည်ပြီးဂရုစိုက်ပေးတါ ဘွားဝမ်နဲ့ ချောင်ကောပဲရှိခဲ့တာ။ ခုလေ ရိပေါ်စိတ်ထဲ ကောက ရိပေါ်ကိုနားလည်ဂရုစိုက်ပေးတယ်လို့ ခံစားနေရတယ်။ ချောင်ကောလိုမျိုးလေ။ "

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now