6

3.9K 276 4
                                    

ဘွားရှောင်းရဲ့ တစ်ချင်လွတ်အမိန့်က ရှောင်ကျန့် ညနေရုံးဆင်းရင် ရိပေါ်ကို ရှောင်းအိမ်မှာလာဝင်ခေါ် ညစာစားပြီးမှပြန်ရမယ်ဆိုတာကြောင့် ရှောင်ကျန့်က ရှောင်းအိမ်ရောက်လာခဲ့တယ်။

"ရိပေါ်ရော ဘွား..."

"ဟိုဘက် သူ့အကိုစီသွားတယ်။ မင်း ဒီမှာလာထိုင်ဦး..."

အိမ်ထဲဝင်ချင်း ရိပေါ်ကိုမေးတော့ ဘွားက ရှောင်ကျန့်ကို ဖြေကာ အိမ်လည်ခန်းထိုင်ရန်ပြောလာတာကြောင့် အနားထိုင်တော့ လက်မောင်းကိုဖြန်းခနဲရိုက်ခံလိုက်ရတယ်။

"အ.. ဘွား.. ဘာလို့ရိုက်တာတုန်း..."

"ဒီထက်တောင်ရိုက်ချင်တာနင့်ကို။ ဘာလို့ရမှာလဲ နင် မြေးငယ်ကို အိမ်အလုပ်တွေခိုင်းထားလား။ ကလေး မနက်ကချော်လဲပီး ဒဏ်ရာတွေနဲ့။"

"ဟင်... ချော်လဲတယ်။ ဒဏ်ရာတွေအများကြီးလားဘွား။ "

ခုမှပြူးတူးပြာတာမေးနေတဲ့မြေးကြောင့် ဘွားရှောင်း နောက်တစ်ချက်ထပ်ရိုက်လိုက်တယ်။

"ညာဘက်လက်ဖဝါးရော ဘယ်ဘက်ခြေဖမိုးရောပဲ။ "

ရှောင်ကျန့်မှာ တစ်ခါပြောတစ်ခါရိုက်နေတဲ့ဘွားကြောင့် လက်မောင်းကိုပွတ်သပ်ရင်းဖြင့်...

"ဒါနဲ့ ဘွားသားသူ့ကိုအိမ်အလုပ်မခိုင်းပါဘူးနော်။ နောက်ပြီး သူချော်လဲတာ အိမ်အလုပ်နဲ့ဘာဆိုင်တုန်း... "

"ဟဲ့ မနက်စာစားပြီး ပန်းကန်ပေတွေဘေစင်ပို့ရင်း ချော်လဲတာတဲ့။ဖန်ခွက်ကွဲပီး အဲ့အစတွေဆူးတာတဲ့လေ။"

ဟမ်... ရှောင်ကျန့်စဥ်းစားရပြီ။မနက်တုန်းကဆို...ဟာ... မဟုတ်မှ သူရိုက်ခွဲခဲ့တဲ့ဖန်ခွက်စတွေရယ် သူတွန်းလိုက်လို့ပစ်ကျသွားတဲ့ရိပေါ်...

သေချာတွေးမှ မနက်ကသူ့လုပ်ရပ်တွေကအတော် လွန်သွားတာပဲ...။ ဟာ.... ကျစ်....

" ခုမှ မျက်နှာကလုပ်ပြမနေနဲ့။ နင်ကလေးကိုဂရုစိုက်နော် ကျန့်ကျန့်။ မင်းရိပေါ်ကို မချစ်သေးဘူးဆိုပေမဲ့ မင်းသိထားရမှာ ရိပေါ်က မင်းအိမ်ထောင်ဘက်ဖြစ်နေပြီ။ မချစ်သေးရင်တောင် ကလေးကိုဂရုတော့စိုက်။ ကလေးက ပိန်လဲပိန်သွားတယ်။ ငါ့မြေးငယ်ပါးဖောင်းလေးတွေပျောက်သွားရင်နင်အသေပဲ..."

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now