"ရိပေါ် ဟိုမှာ CEO မဟုတ်လား..."
ယွိပင်းလက်ညိုးထိုးပြသည့်ဝိုင်းကို လှမ်းကြည့်လိုက်တော့ ဟုတ်ပါရဲ့ ကိုကို။
တစ်ယောက်တည်းမဟုတ်ပဲ ချင်းလီကျဲနှင့်အတူ ပူးကပ်ထိုင်နေကြတာ...ဒီနေ့က ကျိယန်မွေးနေ့ဖြစ်ပြီး ရုံးဆင်းတဲ့အချိန်ညစာ လိုက်ကြွေးတာကြောင့် ရိပေါ် ကျိယန် ယွိပင်း လျိုကောတို့လေးယောက် ဒီဆိုင်ကိုရောက်လာကြတာ..
မမျှော်လင့်ပဲ ကိုကို့ကို ဒီမှာတွေ့ရတယ်။
ကြည့်နေရင်းပဲ ချင်းကျဲက ကိုကို့ရင်ခွင်ထဲတိုးဝင်လိုက်ပြီး ကိုကိုက ပြန်မဖက်ဘူးထင်ခဲ့ပေမဲ့ တန့်ထားတဲ့လက်က သူမကြောပြင်ပေါ်ဆင်းသက်သွားတယ်။နေ့လည်က ခေါ်တွေ့ပြီးပြောတော့ ညနေအရေးကြီးဧည့်သည်ကြောင့် အိမ်ပြန်နောက်ကျမှာဆို။ မဆီမဆိုင်ဘာလို့လာပြောလဲမေးတဲ့ရိပေါ် နဖူးကိုညင်သာစွာနမ်းပြီး ကိုကို့အမျိုးသားကိုအသိပေးတါတဲ့လေ....
ဒါလား မနေ့ကမှရိပေါ်ကို အလေးနက်စကားတွေပြောပြီး နမ်းရိူက်သွားတာ။
ဒါလား အရေးကြီးတဲ့ဧည့်သည်။ ဟုတ်သားပဲ ချင်းကျဲကကိုကို့တွက် အရေးကြီးဧည့်သည်ပဲလေ။
ဘာတွေမျှော်လင့်နေတာလဲရိပေါ်ရာ။ ကိုကိုနဲနဲကောင်းပေးမျက်နှာသာပေးလိုက်တာနဲ့ ကိုယ့်ဘာသာအထင်တွေကြီးသွားမိတာ...
ကိုကိုက ငါ့ကိုမချစ်ဘူး ဘွားကိစ္စကြောင့်အားနာနေတာ....
ကိုကိုက ငါ့ကို မချစ်ဘူး သနားနေတာ....
ကိုကိုက ချင်းကျဲကိုပဲ ချစ်တာ။ဒါဆိုဘာလို့ မကွာရှင်းပေးဘူးပြောရတာလဲ။ ဘာကြောင့် ထွက်သွားခွင့်မပေးရတာလဲ။ ရိပေါ်ကို တုံးအတယ်ဆိုပြီးကစားနေတာလား.....
အဆင်မပြေတော့ဘူး။ ရိပေါ်ငိုချင်စိတ်နှင့်အတူ ရင်တွေအောင့်လာတယ်။
"ရိပေါ်... အဆင်ပြေရဲ့လား..."
လျိုကောက ရိပေါ်ပုခုံးကိုဖွဖွကိုင်ကာ သတိပေးလိုက်မှ ဟုတ်သားပဲ လျိုကောတို့ရှိနေကြတာပဲ...။
ငိုချင်စိတ်တွေမျိုချလို့ အသက်ကိုဝအောင်ရိူက်ရူကာ ရိပေါ်ကျိယန်ကိုပြုံးပြလို့....

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....