အလုပ်ကိစ္စက သုံးရက်မှန်းထားပေမဲ့ တစ်ချို့ အလုပ်ကိစ္စတွေကြောင့် ငါးရက်အတိကြာသွားခဲ့တယ်။
အိမ်ကစိတ်ပူနေမှာတော့ပူစရာမလို ဝမ်းဟန်ကို အကျိုးကြောင်းပြောပြထားဖို့မှာခဲ့သည်လေ။ဒီငါးရက်လုံး ဘယ်သူ့ကိုမှအဆက်သွယ်မလုပ်ခဲ့တဲ့ ရှောင်ကျန့်က ငါးရက်အတွင်း အတော်လေးလဲ နားလည်သွားတာက လှစ်ဟာနေတဲ့ခံစားချက်တွေ။
၃ လသာရှိသေးပေမဲ့ သူ့ ဝေယါဝိစ္စ မှန်သမျှ အောက်ခြေသိမ်းအထိ လိုက်လုပ်ပေးတတ်တဲ့ ရိပေါ်ကို သတိရသည်။
မနက်မိုးလင်းတာနဲ့ မောနင်းကိုကိုအစချီလို့ အပြုံးနှင့်နူတ်ဆက်သံကိုလဲ သတိရသည်။
နေ့လည်စာစားချိန် ပူနွေးနေဆဲ ထမင်းချိုင့်လေးသတိရသည်။ညရောက်တိုင်း ကိုကို အစချီလို့ မအိပ်မချင်း တတွတ်တွတ်ပြောတတ်တဲ့ အသံလေးမကြားရတော့ ရင်ထဲ လှစ်လပ်နေတာကြီးက အဆင်မပြေတော့။
ပြန်ချင်နေပေမဲ့ ရိပေါ်အပေါ် လွန်ကျူးထားသမျှစကားတွေ ရိုက်နှက်ခဲ့တာကြောင့် ရှောင်ကျန့် ဘယ်လိုများရင်ဆိုင်ရမလဲ။
ချင်းလီကြောင့်နဲ့ပက်သက်ပြီးဖြစ်တော့ ပိုပြီး စိတ်ထဲလေးလံလို့ရယ်။ပြန်ဖို့ လုပ်နေရင်း ငါးရက်တာ ပိတ်ထားတဲ့ ဖုန်းကိုအရင်ဖွင့်လိုက်တော့ ဖုန်း ကောလ်တွေစာတိုတွေအများကြီးနှင့် ရဲရဲတောက်လို့ရယ်။
စာတိုတွေဖွင့်ကြည့်ဖို့လက်မလှမ်းခင် ဝင်လာတဲ့ ဖုန်းကြောင့် ကိုင်လိုက်တော့ ချင်းလီအသံက ပြာယာခပ်စွာ...."ကျန့်... မားအမောဖောက်ပြန်ပြီ..."တဲ့....
အမြန်ပဲ ဖုန်းကို အိပ်ကပ်ထဲထည့်ကာ ကားပေါ်တတ်လို့ အမြန်ဆုံးအရှိန်ဖြင့်ပေကျင်းသို့မောင်းတော့တယ်။
ချင်းလီမှာ မိသားစုဆိုလို့ အမေတစ်ယောက်သာရှိတော့တာ။ မိန်းမသားတွေဖြစ်သည့်အလျောက်အားငယ်နေမှာတွေးမိပြန်တော့ စိတ်ပူမိပြန်ရော။
ကိုယ်တိုင်ကလဲ သူတို့သားအမိကိုစောင့်ရှောက်ဖို့ဆုံးဖြတ်ထားသည်မလား....
..................................ပေကျင်းဝင်တော့ ညနက်နေပြီဖြစ်သည်။ အချိန်မကြည့်အားပဲ ချင်းလီကွန်ဒိုသွားတော့ သူ့အားမြင်တာနဲ့ ဖက်တွယ်ကာငိုရိူက်လာတဲ့သူမ။
YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....