ဒီနေ့တော့ ရိပေါ်လေးက ရပ်ကွပ်ထဲ ဟိုဟိုဒီဒီလျှောက်သွားပါတယ်။
အလုပ်ပြန်လုပ်ဖို့အတွက် ကိုကို့ကိုခွင့်တောင်းပြီး နောက်တစ်ပါတ်ပြန်စဝင်ရတော့မှာဖြစ်တယ်။
ခုဆို နေရထိုင်ရသက်သာလာပြီဖြစ်ပြီး အိမ်မှာကိုကိုအလုပ်သွားရင် ကျန်ခဲ့ရမဲ့အဖြစ်ကို စိတ်ညစ်တာမို့ အလုပ်ပြန်ဝင်ဖို့အတွက် အာပေါက်အောင်ပြောပြီး အာဘွားတွေတစ်လှေကြီးနဲ့ အလှဲအလှယ်လုပ်လိုက်ရတယ်။
တစ်ရပ်ကွက်အကျော်က ရေခဲမုန့်ကို အရမ်းကြိုက်ပါတဲ့ရိပေါ်က ထိုထိသွားလို့ ရေခဲမုန့်သွားစားသေးတယ်။
စားလဲစား ပါဆယ်လဲဆွဲပြန်လာတဲ့ရိပေါ်က လက်ထဲမှာလဲ စားလက်စ ကတော့ရေခဲမုန့်လေးပါသေးတယ်။
လမ်းချိုးကွေ့တစ်ခုမှာ ရေခဲမုန့်ထုပ်လေးယမ်းကာလျှောက်လာတဲ့ရိပေါ်က ခလုတ်တိုက်ကာ လက်ထဲကအထုပ်ကရှေ့ကလာတဲ့လူကိုလွဲရိုက်လိုက်သလိုဖြစ်ပြီး စားလက်စရေခဲမုန့်ကလဲ သူမရဲ့စကပ်ပေါ်ပေကျံလျက်ပင်။
ဟုတ်တယ် မိန်းခလေးတစ်ယောက် မျက်နှာမမော့်ကြည့်ရသေးပေမဲ့ စကပ်ဝတ်ထားတာလေ။
"ဟို... တောင်းပန်ပါတယ်။ ကျနော်ခလုတ်တိုက်သွားတာ။"
"ဟာ...ကျစ်...ပေကုန်ပြီးမှ တောင်းပန်တာနဲ့ပြီးသွားရောလား....။ဟင်...!!! နင်... ဝမ်ရိပေါ်...။"
ရှေ့ကမိန်းကလေးက ရိပေါ်ကိုမကြည့်ပဲပြောနေပြီးမှ မျက်စောင်းခဲကည့်လာရာတွင် ရိပေါ်မျက်နှာမြင်ပြီး အထိတ်ထိတ်အပြာပြာ...။
ရိပေါ်နာမည်ကိုလဲသိနေတာကြောင့် သိခဲ့ဖူးလားမေးလိုက်တော့....
"နင် ငါ့ကိုမမှတ်မိဘူးလား...။"
"ဟုတ်... စိတ်မရှိပါနဲ့ ကျနော်ကအက်စီးဒင့်တစ်ခုကြောင့် အတိတ်တစ်ချို့မေ့နေတာရယ်။"
ချင်းလီကောက်ကျစ်စွာပြုံးလိုက်တယ်။ ဝမ်ရိပေါ်အက်စီးဒင့်ဖြစ်တဲ့သတင်းကိုကြားပါတယ်။ဒါပေမဲ့ ခုလောက်ထိဖြစ်သွားမယ်မထင်ခဲ့ဘူး။ ဒါဟာသူမတွက် အဆိုးထဲကအကောင်းပင်။
သူမအနေနဲ့ ကျန့်နှင့်ပြသနာဖြစ်ပြီးနောက်ပိုင်း အရာရာဆုံးရူံးသွားရတာ။ ငွေကြေး အလုပ် အချစ် ဘဝ အားလုံး... အားလုံးဆုံးရူံးခဲ့ရတာ။ အဲ့တာသူမရှေ့က ဝမ်ရိပေါ်ကြောင့်ပဲ။

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....