14

4.4K 254 5
                                    

ရှောင်ကျန့် ဂျေကိုက်နေပါတယ်။ ဟုတ်တယ် သူ့စိတ်တွေမတည်ငြိမ်နေဘူး။
အကြောင်းက ရိပေါ်စီမယောင်မလည်သွားချောင်းရာမှာ San က ရိပေါ်နှင့်ဘာတွေပြောပြီးသဘောတကျရီမောနေမှန်းမသိဘူး...

သွားတန်းညီညီဖွေးဖွေးလေးတွေပေါ်သည့်ထိရီမောနေလေတာ...

ဟိုးငယ်ငယ်ကတည်းက သူသဘောကျရင် ထိုသို့နှစ်ခြိုက်စွာရီမောတတ်တဲ့ကလေးက သူနှင့်နေတဲ့ ၃လအတွင်းတစ်ခါမှထိုသို့ရီမောတာ မမြင်ရတော့ဘူး။

ခုတော့ သူ့ကြောင့်လဲမဟုတ် သူ့တွက်လဲမဟုတ်ပဲရီမောနေတာ တစ်ကယ်ရင်ထဲအောင့်သက်သက်ရယ်ပါ....။

"ဟာ... CEO ဌာနထိဆင်းလာတာ ဘာကိစ္စများရှိလို့လဲ...."

ချောင်းနေရာကနေ သူ့နောက်ကထွက်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ ယွိပင်းနှင့်ကျိယန်....

ပြဲလှပါတဲ့ကျိယန်အသံကြောင့် တစ်ဌနလုံးရဲ့အာရုံက သူတို့သုံးယောက်စီမှာမို့ ရှောင်ကျန့်မှာ အရှက်ပြေချောင်းဟမ့်ရင်း....

"အဟမ်း.. ကျူးလျှိုစီလာတာ....။"

သူ့ကိုပြူးဝိုင်းဝိုင်းလေးကြည့်နေတဲ့ ရိပေါ်ကို မျက်စောင်းပိစိလေးထိုးကာ ကျူးလျိုရုံးခန်းထဲဝင်သွားလိုက်တယ်....

ရိပေါ်မှာ နုတ်ခမ်းလေးတောင်ပွင့်ဟမိသွားတယ်။ ခုကိုကိုက ရိပေါ်ကို မျက်စောင်းထိုးသွားတာလား...။

ဘာလို့လဲ ဘာကြောင့်လဲ.....။

"ဘေဘီ မင်းဘဲကြီး မျက်စောင်းချီသွားတယ်တွေ့လိုက်လား။ ဂျေကိုက်နေတယ်ထင်တယ်။"

ပြုံးစစနှင့်ပြောလာတဲ့ San ကောကြောင့် ရိပေါ်ပါးပြင်လေးပူခနဲပင်။

"မဖြစ်နိုင်တာ ကောရာ။ ကိုကိုက ဘာလို့ရိပေါ်ကိုဂျေဝင်ရမှာလဲ...။"

ပြောသာပြောလိုက်ရပေမဲ့ ရိပေါ်ရင်ထဲနွေးနွေးလေးခုန်နေရတယ်။ ခုနောက်ပိုင်းရိပေါ်အပေါ် ကိုကိုကပြောင်းလဲလာတယ်။

မလှည့်စားပဲ ကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပါစေလို့ မျှော်လင့်ရတာပါပဲ....

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now