24

4.7K 230 18
                                    

"ငါ့အတွက်က ကော်ဖီ။ကျန်တဲ့သူတွေကတော့ မေးကြည့်ပြီး လုပ်ပေးလိုက်...."

"ဘာ....!!!"

ချင်းလီအတော်ကိုပေါက်ကွဲနေပြီ။ရုံးတတ်တာ တစ်ပါတ်မျှရှိပြီဖြစ်သော်လဲ သူမလုပ်ရတဲ့အလုပ်တွေက တစ်ဌာနလုံးရဲ့ တောက်တိုမယ်ရတွေ။

အမှန်ဆိုဝမ်ရိပေါ်နေရာက Design အချောသတ်တဲ့အလုပ်ပဲလေ။ ဒါကိုသူမအား နှိမ်ချဆက်ဆံနေကြတာ တမင်လုပ်နေကြမှန်းသိပ်သိသာတယ်။

"မကြားလိုက်လို့ ပြန်မေးနေတာလား...။"

"ဒီမှာဌာနမူးကျူးလျို ကျမအလုပ်က ပုံကြမ်းတွေအချောသတ်ဖို့ပဲ ကျန်တာတွေ ကျမထပ်မလုပ်နိုင်ဘူး။"

"မလုပ်နိုင်ရင် ထွက်သွားလေ။"

ဒီစကားကိုပြောလိုက်တဲ့ ကျိယန်က မဲ့ပြုံးကြီးနှင့်ပင်။ သူ့ဘေးက ယွိပင်းကပါ ခေါင်းငြိမ့်ထောက်ခံသေးတာ။

ကိူးလျိုကလဲ မလုပ်ချင်ရင်သဘောပဲဆိုပြီး ပုခုံးတွန့်ပြနေတာကြောင့် သူမ တောက်ခ်တစ်ချက်ခေါက်ကာ Dinning Room ဘက်ထွက်လာလိုက်တယ်။

သူမသည်းခံရမယ်။ကျန့်နဲ့အရင်လိုပြန်နေနိုင်ဖို့အတွက်။

အရင်လိုပုံမှန်ပြန်ဖြစ်သွားရင် ဒင်းတို့အားလုံးကို အလုက်ထုတ်ပစ်ဖို့ကျန့်စီပြောရမယ်။

အတွေးတွေနဲ့ ကော်ဖီကို ဆောင့်အောင့်ဖျော်နေတဲ့သူမနား ရောက်လာတဲ့ လူတစ်ယောက်....

"ဘယ်လိုနေလဲ...."

"ရိပေါ်...! နင်ဘာပြောလိုက်တာ..."

ဟွန့်ခနဲ့မဲ့ချလို့မေးလာတဲ့ရိပေါ်စကားကြောင့်သူမတအံတသြမေးလိုက်တော့ ရိပေါ်က ခါးအနဲငယ်ကိုင်းကာ....

"အနိုင်ကျင့်စော်ကားခံရတဲ့ခံစားချက်လေ...။ဘယ်လိုနေလဲလို့...."

"နင်... နင်..."

ချင်းလီစွံ့အမှင်သက်သွားတယ်။ ဝမ်ရိပေါ် အတိတ်မမေ့ခဲ့ဘူးလား....

ထိတ်လန့်တုန်လူပ်နေတဲ့သူမကိုကြည့်ကာ ရိပေါ်က ကိတ်မုန့်တစ်ခုပါးစပ်ထဲထိုးထည့်လို့ ကော်ဖီခွက်ကိုင်ရင်း ထွက်သွားလေတယ်။

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now