"ဒါဆို ဘွားဝမ်ကဆုံးသွားပြီပေါ့...။နောက်ပြီး ဟိုဘဲကြီးက တိယောက်ကျားဖြစ်ပြီး သူ့ဘေးက တိယောက္ခမတွေရယ် အဘွားရယ်ပေါ့။ ထူးဆန်းတယ်နော် တိဘာတစ်ခုမှမသိနေဘူး...."
ခုကတော့ သတိရလာတာ တစ်ပါတ်ပြည့်ပြီဖြစ်တဲ့တိတိလေးအား ဝမ်ချောင်က အတိတ်တစ်ချို့ကိုပြောပြနေခြင်းဖြစ်တယ်။
ခုလက်ရှိ တိတိရဲ့အသက်ရွယ်ရယ် အလုပ်အကိုင်အပြင် တိသိပ်ချစ်ခဲ့ရတဲ့ ရှောင်ကျန့်နှင့်ပါ လက်ထပ်ထားကြတဲ့သူတွေမှန်း တဖြည်းဖြည်းချင်းနားဝင်အောင်ရှင်းပြသည့်အခါ အစကတော့ ဘွားဝမ်သတင်းကအသစ်ကလိုပြန်ဖြစ်ပြီး ငိုရိူက်သေးတယ်။
ငိုလို့ဝမှ တဖြည်းဖြည်း ရှောင်းမိသားစုနှင့်ပက်သက်တာကို တစ်ခါမှမသိခဲ့သလို အသစ်ဆန်းနှင့် အခေါက်ခေါက်ခါခါ မေးနေသည်မှာ ဘယ်နှစ်ကြိမ်ရှိပြီမှန်းမသိ....
အရာရာကို အရူံးပေးလက်မြောက်ထားတဲ့ပုံနှင့် မျက်ဝန်းတွေဆွေးမြှေ့စွာဖြင့် တိတိရဲ့အမေးတွေကို ကလယ်ကလယ်နှင့်ကြည့်နေသူကရှောင်ကျန့်ပင်....
ဘဲကြီးဆိုတဲ့တိရဲ့အခေါ်ဝေါ်မှာ ရှောင်ကျန့်မျက်နှာကြီးရူံမဲ့သွားတာကြည့်ပြီးဝမ်ချောင်ရီမိသေး....
တိတိက ဘယ်လောက်များနာကြင်ခဲ့ရသည်မသိ ရှောင်ကျန့်နှင့်ပက်သက်တဲ့အရာရာမှန်သမျှကို လုံးဝမသိတော့တာပင်။
ခုလိုကျတော့လဲ နာကြင်စရာတွေကိုတစ်ခါမှမကြုံခဲ့ဖူးသလိုဖြူစင်သွက်လက်တဲ့တိတိကိုလူသစ်စိတ်သစ်နှင့်မြင်ရတာ ကောင်းတယ်လို့တွေးမိပေမဲ့ ရှောင်ကျန့်အတွက်တော့စိတ်မကောင်း....။အို... ဒါကလဲ သူ့လုပ်ရပ်တွေကို ကံတရားကဒဏ်ခတ်တာပါပဲ....
"အာ့တာက တိတိကအတိတ်မေ့သွားတာမလို့ စဥ်းစားမရတာပေါ့။ ထားပါ အရမ်းမတွေးနဲ့ ကောကတိသိထားရအောင်ပြောပြထားတာ။အတိတ်တွေက တိမမှတ်မိလဲဘာမှမဖြစ်ဘူး။"
"ဟုတ်ပါတယ် မြေးငယ်ရယ်။ မမှတ်မိလဲဘာမှမဖြစ်တာမို့ ခေါင်းကိုက်ခံစဥ်းစားဖို့မလိုဘူး။ဘွားတို့က မြေးငယ်လေးကျန်းကျန်းမာမာနှင့်ပြန်လာတာပဲ ပြည့်စုံနေပါပြီ...။"

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....