ဒီနေ့ရှောင်ကျန့် အိမ်ခနပြန်လာကာ လိုအပ်တာတွေယူပြီး ဆေးရုံပြန်မသွားခင် ချောင်ကောစီခနဝင်လိုက်တယ်။
ရှောင်ကျန့်ဆေးရုံဆင်းတဲ့နေ့က လူကြီးစုံညီရှေ့သူမှားခဲ့တဲ့အပစ်တွေကို ဝန်ချတောင်းပန်ပြီး သူနှင့်ရိပေါ်ကြားက ချင်းလီနှင့်ပက်သက်ပြီးဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်တဲ့အခါ အားလုံက ရှောင်ကျန့်ကို အတော်စိတ်ဆိုးသွားပြီး ပါပါးဆို ရှောင်ကျန့်ကိုရိုက်နှက်ခဲ့သည်ထိ အပစ်ပေးခဲ့ပါတယ်။
အဲ့နေ့ကစပြီး ရက်အတော်ကြာသည်ထိ အားလုံးကရှောင်ကျန့်ကို လိုအပ်တာထက်ပိုစကားမပြောခဲ့ကြ။ချောင်ကောဆို ရှောင်ကျန့်ကို လုံးဝမျက်နှာချင်းမဆိုင်တော့တာပင်။
နောက်ပိုင်း ချောင်ကောကို ဒူးထောက်ပြီးတောင်းပန်ကာ ရိပေါ်ကို သေတစ်ဖန်သက်တဆုံးချစ်မြတ်နိုးသွားမှာမို့ နောက်ဆုံးအနေနှင့်အခွင့်ရေးလေးပေးပါလို့ တောင်းဆိုမိတော့ ချောင်ကောက ပြောခဲ့တယ်။
"တိတိ သတိရလာတဲ့အခါ တိတိသဘောထားတိုင်းအားလုံးလိုက်လျောမှာ...
ဖြစ်တာကြောင့် သူ့စီကဘာမှမတောင်းဆိုနဲ.တဲ့.....ရှောင်ကျန့်ကြောက်ပါတယ်။ တစ်ကယ်ကိုကြောက်လန့်ရပါတယ်။
ကလေးက အက်စီးဒင့် မဖြစ်ခင် သေချာပေါက်သူ့ကိုကွာရှင်းပေးပါလို့ပြောခဲ့သည်မလား....ဟင့်အင်း... မဖြစ်ချင်ဘူးအဲ့လို။ ကလေးသတိရလာတဲ့အခါ အရာအားလုံးလိုက်လျောပေးချင်ပါတယ် ဒါပေမဲ့ ရှောင်ကျန့်နားကထွက်သွားခွင့်မပါဘူးလေ....
"ချောင်ကော !!!"
ရှောင်ကျန့်အိမ်ပေါက်ဝကနေလှမ်းအော်သည့်အခါ ထွက်လာတဲ့ချောင်ကောက လက်ထဲ စာအုပ်တစ်အုပ်နှင့်ဖာအသေးလေးတစ်ဖာကိုင်လျက်သားဖြစ်သလို မျက်ဝန်းတွေကဖောင်းအစ်နီရဲလို့ပင်...။
"ကော... ဘာဖြစ်..."
ရှောင်ကျန့်စကားတောင်မဆုံးသေး ချောင်ကောက သူ့လက်ထဲကစာအုပ်အစိမ်းလေးနှင့်ကတ်ထူဖာလေးကို ရှောင်ကျန့်စီပေးကါ....
"ဖတ်ကြည့်...!!ဖွင့်ကြည့်...! အဲ့တာကိုဖတ်ပြီးကြည့်ပြီး တိတိသတိရလာတဲ့အခါ ငါ့ညီကို သူ့သဘောတိုင်းလိုက်လျောပေးနိုင်အောင်ပြင်ဆင်ထား ။အသိစိတ်ဓာတ်လေးရှိသေးရင်ပေါ့....။"

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....