"အင့်...ဟင့်အင်း... ကိုကို...!!"
"သဲငယ်...။သတိရပြီလား ကလေး လေး..။"
မနေ့ညက သူ့ရဲ့အချစ်ကြမ်းမူ့မှာ အဖျားတွေကြီးကာ တစ်နေ့လုံး သတိလစ်သွားပါတဲ့သဲငယ်က ညနေစောင်းမှ လူးလွန့်ကာ သူ့အားတလို့နိုးထလာခဲ့တယ်။
အဖျားသွေးကြောင့် ပါးဖောင်းလေးတွေရဲတွတ်နေပြီး နှာလုံးလေးတရူံရူံနှင့် မျက်ရည်ပူတွေစီးကျနေတဲ့သဲငယ်ကိုယ်လေးအားအသာပွေ့တော့ ရှောင်ကျန့်ခါးကိုတင်းကြပ်စွာဖက်တွယ်ပြီး ရင်ခွင်ထဲတိုးဝင်လာခဲ့တယ်။
"ဘာဖြစ်လို့လဲ သဲငယ်...။ နာနေလို့လားဟင်..."
သဲငယ်ကိုယ်လေးကို ပွေ့ပိုက်ကာ လေသံဖျော့လေးဖြင့်မေးတော့ကြားရတဲ့စကားတွေကြောင့် ရှောင်ကျန့်ရင်ထဲ နှလုံးသားတွေအက်ဆစ်နဲ့ပက်ခံရသလို ဆတ်ဆတ်ခါနာရပါတယ်။
"ကျနော် အိမ်မက်ဆိုးမက်တယ်ကိုကို...။ အိမ်မက်ထဲမှာ ကိုကိုက ဘယ်ကမှန်းမသိတဲ့မိန်းမကြောင့် ကျနော့်ကိုရိုက်တယ်။ ပြီးတော့ ကိုကိုက အဲ့မိန်းမလက်ကိုဆွဲပီးထွက်သွားတယ်။ ရိပေါ်ဘယ်လောက်ခေါ်ခေါ်လှည့်မကြည့်ခဲ့ဘူး... ဟင့်... ကျနော့်ရင်တွေခုထိနာနေတုန်းပဲ..."တဲ့....
"သဲငယ်ရယ်.....!!!"
မချိတင်ကဲလေးသာရေရွတ်လို့ ရှောင်ကျန့် ရိပေါ်နဖူးလေးကိုသာ အထပ်ထပ်နမ်းနေမိတော့တယ်....
သဲငယ်လက်မခံချင်တဲ့မှတ်ညာဏ်တွေက အိမ်မက်အဖြစ်ကျန်ရှိနေလေသလား....
နာကြင်စရာတွေထပ်မတူးစွချင်ပေမဲ့ အမှန်တိုင်းရှောင်ကျန့်ဝန်ချတောင်းပန်သင့်တယ်မဟုတ်လား...
တစ်ကယ်ပဲအရာအားလုံးဖွင့်ချလိုက်ရင်ရော သဲငယ်လေးက ခွင့်လွတ်ပေးပါ့မလား။သူ့အနားကထွက်သွားမှာလား...
ဟင့်အင်း... အဲ့လိုတော့မဖြစ်ရပါဘူး။သဲငယ်မရှိရင် ရှောင်ကျန့်ရူးရမှာ....
"တောင်းပန်ပါတယ်ကလေးရယ်...."
"ဟင်... ကိုကို ဘာလို့ငိုရတာလဲ...။"
သဲငယ်ကိုတောင်းပန်စကားဆိုတဲ့ရှောင်ကျန့်က သဲငယ်နဲ့ပက်သက်ရင်မျက်ရည်တွေကထိန်းမရ....

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....