"အဖျားအရမ်းတတ်ပြီး သတိလစ်သွားတာ။ ခြေထောက်က ဒဏ်ရာကလဲ ရင်းချင်နေတယ်။ လက်ကလဲ ယောင်လာပြီ။ ရေခဲရေနဲ့ရေပတ်တိုက်ပေး အနာတွေတော့ရေမထိစေနဲ့...။မနက်ကျသတိရလာလိမ့်မယ်။
"
ဟောက်ရွမ်းဆိုသည့်ဆရာဝန်က အဖျားတိုင်းပေး အနာတွေကြည့်ပေးကာ အဖျားကျအောင်ဆေးထိုးပေးပြီး ဂရုစိုက်ပေးရန်ပြောလေတယ်။ရှောင်ကျန့်မှာ စိတ်ပူပြီး ဆရာဝန်ဘာပြောပြောဂရုတစိုက်ကို ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ မှတ်သားနေရတယ်။
"နေ့လယ်က ခြေထောက်ကို ချုပ်ခိုင်းတာ ရိပေါ်ကမချုပ်ပဲ ဒီတိုင်းထားတော့ အနာရင်းနေပြီမို့ ဖြစ်နိုင်ရင် ဆေးကိုအားတိုင်းထည့်ပေးတါကောင်းမယ်...။"
"ဗျာ..."
ချုပ်ရတဲ့ထိတောင်လား။ ရှောင်ကျန့် တစ်ကယ်စိတ်မကောင်း။ဒဏ်ရာက ထိုထိကြီးမားသွားလေသလား။
"ဟုတ်တယ်။ ဖန်ကွဲစနစ်ဝင်နေတာကို ရိပေါ်ကမသိပဲ ပလာစတာအကြာကြီးအုပ်ထားခဲ့တာ။ ဆေးပုလင်းကပြုတ်ကျတော့ အသားထဲပိုစိုက်ဝင်သွားတာ။ နှစ်ချက်လောက်ချုပ်သင့်ပေမဲ့ အကြောက်ကန်ငြင်းနေလို့ ကျနော်ဆေးပဲထည့်ပေးလိုက်တာ...။ ခင်များသူခုလိုဖြစ်တာ မသိခဲ့ဘူးလား။ ဆေးရုံလာတာတောင် ခြေကောလက်ကော ဖြစ်သလို ပလာစတာကပ်ပြီး နေနေတာ ကျနော်သာမမြင်ခဲ့ရင် အဲ့တိုင်းဆက်ထားမှာ...။"
ဟောက်ရွမ်းစကားတွေကြားကာ ရှောင်ကျန့်ပြန်မဖြေနိုင်သလို ရိပေါ်ကိုသာငေးကြည့်နေမိတယ်။ သူကသိပ်ကိုတာဝန်မဲ့လွန်းပြီး ရိပေါ်ကိုဂရုမစိုက်ခဲ့သလို ကြင်နာမူ့တွေလဲမပေးခဲ့။
မနက်တုန်းကတည်းကဆို ဘယ်လောက်များနာကြင်နေလိမ့်မလဲ...
ဟောက်ရွမ်းကိုကျေးဇူးတင်စကားပြောကာ လေးလုံနှင့်ပြန်ပို့ခိုင်းလိုက်တော့တယ်။
သူကတော့ ရိပေါ်ခုတင်းဘေးထိုင်ကာ နဖူးကဆံစလေးတွေသပ်တင်ပေးလို့ ကြည့်နေမိတယ်။
အဖျားကြောင့် ပါးဖောင်းလေးတွေနီရဲနေပြီး နူတ်ခမ်းဖူးလေးတွေက ရဲရဲတွတ်နေလေတယ်။
ရေပတ်တိုက်ပေးရန်ထလိုက်သည့်အခါ....
"အင့်... ချောင်ကော...ချမ်းတယ်။ သားကိုဖက်ထားပေး... ဟင့်...ဟင့်...."

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....