တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးကာ ရုံးပိတ်ရက်လေးရောက်ရှိလာတယ်။
ကုန်သွားတဲ့တစ်လ ကတော့ ဒီလိုပါပဲ ကိုကို့ရဲ့အရေးမလုပ်ခံရခြင်း စကားနာထိုးခြင်းတွေကို မျက်နှာပြောင်ပြောင်နဲ့ဟန်ဆောင်ပြုံးလို့ကျော်ဖြတ်ခဲ့တယ်။"ကိုကို ကျနော်ပြောစရာရှိတယ်။"
Laptop တစ်လုံးနှင့်ခြံထဲက နားနေဆောင်လေးမှာထိုင်နေတဲ့ကိုကို့စီ ကော်ဖီခွက်လေးတင်ပေးရင်းရိပေါ်စကားစမိတယ်။
မော့်ကြည့်တဲ့ကိုကိုက မျက်မှောင်တွေကြုံ့ကာ သက်ပြင်းချတယ်။"ဘာလဲ..."
ခပ်ဆတ်ဆတ်အသံက စိတ်မရှည်မူ့တွေအထင်းသားဖြင့်။
"ကျနော်နဲ့ ကိုကို အဆင်ပြေပြေနေရအောင်လေ။ ကျနော့်ကိုမြင်တိုင်း စိတ်ရူပ်စရာပုံကြီးမလုပ်ပါနဲ့လား ဟီး..."
ရှောင်ကျန့်သူ့ရှေ့လာထိုင်ပြီး ထိုသို့စကားတွေပြောကာ ဟီးခနဲရီပြလာတဲ့ရိပေါ်ကြောင့် တစ်ချက်လေးတော့ ငေးခနဲ ဖြစ်ရတယ်။
သာမန်အနေနဲ့ဆို ဒီကောင်လေးက ချစ်စရာကောင်းပါတယ် သို့ပေမဲ့ သူနှင့်ကိုယ့်ကြားကအခြေနေကြောင့် ဘယ်လိုမှ သူ့မျက်နှာကိုကြည့်လို့မရ။
" ဒီမှာ ခုလိုအခြေနေတွေထိ ဖြစ်ထားကြီး မင်းပေါ်ကောင်းကောင်းဆက်ဆံဖို့မျှော်လင့်နေတာလား။"
"ကိုကိုကလဲ ကျနော်ပြောတာ ကိုကို့တွက်ပါ။ ကိုကိုကျနော့်ကို မြင်တိုင်းစိတ်တိုနေရင် ကိုကို့ရုပ်တွေရင့်လာမှာပေါ့။ အဲ့ဒါကြောင့်လေနော်..."
"ဘာကွ...!!"
စပ်ဖြီးဖြီးဖြင့်သူ့အား ပြောနေတဲ့ရိပေါ်စကားကြောင့် ရှောင်ကျန့် အော်လိုက်တော့ မျက်နှာလေးမဲ့သွားပြီး ဇတ်လေးပုဝင်သွားတယ်။ဒါပေမဲ့ချက်ခြင်းပဲ ပြုံးလို့ ..
"စတာပါ... ကျနော်အတည်ပြောမယ် ကျနော်တစ်ကယ်ပဲ ကိုကိုနဲ့ ဒီတိုင်းလေး အဆင်ပြေပြေနေချင်ရုံပါ ကျန်တာ ဘာမှမတောင်းဆိုသလို ကိုကို့အပေါ် ဘာမှမစွက်ဖက်ပါဘူး။"
"....."
"ဟိုလေ ကျနော်က ဒီအတိုင်း မနက်တိုင်းကိုကို့မျက်နှာလေးကြည့်ပြီး နိုးထမယ် ကိုကို့ ဝေယါဝိစ္စ လေးကူလုပ်ပေးမယ် ကိုကို့တွက်အရသာရှိတာလေးချက်ကြွေးမယ် တစ်နေ့တာရဲ့အဆုံးသတ်ကို ကိုကို့မျက်နှာကြည့်အိပ်စက်မယ် ဒါပါပဲ ကိုကို။ ကျန်တာတော့ ကိုကို့သဘောနဲ့ကိုကိုနေပါ...။"

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanfictionကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....