20

5.1K 232 4
                                    

"ဟာ... သဲငယ် ဘယ်လိုဖြစ်...."

"😁 ကျနော် ချောလား..."

ရှောင်ကျန့် အလုပ်ကိစ္စနှင့်ရှန်ဟိုင်းသွားတာ ပြန်ရောက်ချင်းက ရှောင်းအိမ်မှာရိပေါ်ကို ဝင်ခေါ်ခြင်းဖြစ်တယ်။

ခုဆို သဲငယ်က နေကောင်းလာပြီဖြစ်ပြီးဆေးရုံဆင်းလာတာလဲ ၅ ရက်ရှိပြီဖြစ်တယ်။

မင်ဂလာဦးအိမ်မှာပြန်နေချင်ပေမဲ့ဒီ၃ရက်ခရီးသွားဖို့ရှိတာကြောင့် ခရီးကပြန်ရောက်မှတစ်ခါတည်းပြန်မယ်တွေးကာ ခုပြန်ကြဖို့ဝင်ခေါ်ခြင်း...။

အိမ်ကိုလဲ ရိပေါ်မျှောနေစဥ်ကာလမှာ ပြန်ပြုပြင်ထားပြီးနေပြီ။

အပေါ်ထပ်အခန်းတွေကို နံရံတွေဖယ်ချပြီး တစ်ခြားတောင့်ဘက်ကယူလို့ မင်ဂလာအခန်းသစ်ကျယ်ကြီး ပြန်ဖွဲ့ထားခဲ့တာ...

ကလေးနာကြင်ခဲ့တဲ့အတိတ်မှာ ဒီမင်ဂလာအခန်းရဲ့ဖြစ်ရပ်ကအဆိုးဝါးဆုံးမို့ အဲ့အခန်းကိုဖြိုချပြီး အပေါ်ထပ်ဧည့်ခန်းဟောကျယ် ဖွဲ့လိုက်ပြီး အရင်နှစ်ယောက်အတူနေတဲ့အခန်းကိုထပ်ချဲ့ကာ မင်ဂလာအခန်းဖွဲ့လိုက်တာ....

သဲငယ်နှင့်အတူ သူတို့ရဲ့အချစ်အိမ်သစ်လေးကိုပြန်ဖို့ စိတ်လောနေတဲ့သူက ရှောင်းအိမ်ဝင်ချင်းတွေ့လိုက်ရတဲ့သဲငယ်ပုံကြောင့် မျက်ဝန်းတွေပြူးကုန်တယ်။

သဲငယ်ကလေ ဆံပင်တွေကို တစ်ခေါင်းလုံးအပြာရောင်ဆိုးထားပြီး ခပ်မိုက်မိုက်အဝတ်စားတွေနဲ့ နားကပ်လေးတစ်ခုပါဝတ်ဆင်ထားသေးတာရယ်....(look in media photo)

သူချောလားလို့ သွားလေးတွေစိကာရီပြလို့မေးနေတဲ့သဲငယ်က ဘယ်လောက်ချောလှနေမှန်းသူ့ကိုယ်သူမသိဘူး။

ဟိုးအရင်ကတည်းက ခုလိုတွေဝတ်စားရင်သိပ်ပြည့်စုံလွန်းလို့ သူအူတိုလွန်းပြီး ရိုးရှင်းတဲ့အဝတ်စားတွေသာဝတ်စေခဲ့တာ...။ ခုတော့ ရှောင်ကျန့် အူတိုရုံမက အူပါပြတ်ကျနိုင်တယ်....

"သားငယ်လေးက ဆံပင်အရောင်ဆိုးချင်တယ်ဆိုလို့ မားသွားရွိူင်းပေးလါတာ မိုက်တယ်မလား...။"

အအေးဗန်းမလာတဲ့ မားက ရှောင်ကျန့်ကိုကြည့်ကာ သူ့ကိုယ်သူဂုဏ်ယူစွာပြောကြားတယ်....

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now