⚠⚠⚠ Wanning ပေးပါတယ်ရှင့်။ အသုံးနူးလေး နဲနဲလွန်ချင်တာမို့ Innocent လေးတွေကျော်ခွနင်းသွားကြ😁)
ရှောင်ကျန့် ချင်းလီနှင့်တွေ့ပြီးအပြန် ဝမ်းဟန်စီတစ်နေကုန်သောင်တင်နေခဲ့တာ ယခုမိုးချုပ်မှ အိမ်သို့ပြန်ခဲ့တယ်။
ဝမ်းဟန်စီရင်ဖွင့်ပြီး သဲငယ်ကိုအကုန်ဖွင့်ပြောသင့်လားမေးခဲ့ခြင်းတွင် ဝမ်းဟန်ကလဲ အပွင့်လင်းဆုံးရှေ့ဆက်ဖို့ပြောခဲ့တယ်။
လျို့ဝှက်ချက်ဆိုတာမတည်မြဲတဲ့လောကမှာ သူနဲ့သဲငယ်ကြားအပွင့်လင်းဆုံးဖွင့်ဟဝန်ခံကြဖို့လိုသည်တဲ့.....
အိမ်ပြန်လမ်းတစ်လျှောက်ရိပေါ်စီ သူ့အမှားတွေဝန်ချတောင်းပန်ရန်ရှောင်ကျန့် စကားလုံးတွေစီလျက် သက်ပြင်းတချချ.....
"သဲငယ်....!!! တီယင်း..!.လေးလုံ..!! ."
အိမ်ထဲသို့ရောက်ပြီး အောက်ထပ်တစ်ခုလုံးတိတ်ဆိတ်နေတာကြောင့် ရှောင်ကျန့်အော်ခေါ်ကြည့်ပေမဲ့ အသံမကြားရပေ....
ဆက်တိုက်ခေါ်ကြည့်ပြီး မီးဖိုခန်း ဧည့်ခန်းတွေပါဝင်ရှာပေမဲ့ အရိပ်ယောင်ပင်မတွေ့....
သဲငယ်အပေါ်ထပ်မှာများလား။လေးလုံနှင့်တီယင်းကရော အပြင်များသွားကြလေသလား....
ဧည့်သည်ခန်းကထွက်ပြီး အပေါ်ထပ်တတ်ရန် လှေကားစီဦးတည်စဥ် လှေကားထိပ်မှာတွေ့လိုက်ရတဲ့ ပုံရိပ်ကြောင့် ရှောင်ကျန့်မျက်တောင်မခတ်တမ်း ကြည့်နေမိတယ်။
ရှောင်ကျန့် မှင်သက်ကြောင်နကာ မျက်နှာကိုပင်မလွဲမိ...။ဂလု ဆိုသည့်သူ့တံတွေးမြိုချသံတောင် အသံကျယ်လွန်းသွားသည်ထင်ရတယ်။
အကြောင်းက လှေကားထိပ်တည့်တည့်တွင် ရှောင်ကျန့်ရဲ့ shirt အနီရောင်ပွပွကြီးကို Boxer တစ်ထည်တည်းနဲ့ ဒီတိုင်းလေးဝတ်ဆင်ထားတဲ့သဲငယ်က ရှောင်ကျန့်ကို ဘာဖြစ်သွားစေချင်တာပါလဲ....
ပေါင်လယ်လောက်ကနေ ခြေဖြားနီတာရဲလေးထိမြင်နေရပါတဲ့သဲငယ်က သူအကြည့်ကြောင့် ခြေတံနှစ်ဖက်ကို စိကာ လိမ်ယှက်လိုက်တယ်....
ဖွေးဥကာ အမွေးမျှင်ကင်းစင်ပါတဲ့ သွယ်လျတဲ့ပေါင်တံခြေတံတို့က ရှောင်ကျန့်ခါးထက်တွယ်ချိတ်ပါလျင် သို့မဟုတ် သူ့ပုခုံးထက် တင်ထမ်းထားပါလျှင် မည်မျှပိုလှမည်နည်း....

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanficကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....