17

5.3K 245 11
                                    

"ကလေး....!!! ကလေးလေး...."

ဆေးရုံထဲသို့ကတိုက်ကရိုက်အော်ကာပြေးဝင်လာတဲ့ရှောင်ကျန့်က အရေးပေါ်ခွဲစိတ်ခန်း ၄ ရှိရာကိုတဟုန်ထိုးပြေးတယ်....

ခုဏမားဖုန်းဆက်ကတည်းက အခြေနေဆိုးတာမို့ ချက်ခြင်းခွဲခန်းဝင်ရပြီး ချက်ခြင်းလိုက်လာခဲ့ဖို့ပြောထားတာကြောင့် ကားကိုမိုင်ကုန်မောင်း မီးနီတွေပါဖြတ်လာခဲ့ရတာ....

အရေးပေါ်ခန်းရှေ့မှာ တွေ့ရတဲ့လူ၅ယောက်မှာ တစ်ယောက်က ရှောင်ကျန့်အားတွေ့တာနှင့် မျက်နှာကို ပြေးလာထိုးတော့တယ်....

ခွပ်.....!!!

"မင်းကြောင့်မလား ရှောင်ကျန့်...။ပြောစမ်း ရိပေါ်ခုလိုဖြစ်တာ မင်းကြောင့်မလား...။"

ဆေးရုံမှန်းသတိမထားနိုင်အောင် အော်ဟစ်ပေါက်ကွဲနေတာက ချောင်ကောပင်....။

"သားချောင် စိတ်အေးအေးထားပါကွာ...။"

"ကျနော်ဒီအခြေနေမှာ စိတ်အေးနိုင်ပါ့မလား ဦးရာ...."

ဖြောင့်ဖျတဲ့ ရှောင်ပါးကို ဝမ်ချောင်ဆို့နင့်သံကြီးနှင့်ဖြေမိတယ်...။

"ခုချိန် သားငယ်လေးကိုအားလုံးစိတ်ပူနေကြတာပါ။ကျန့်ကျန့်နဲ့ပြသနာရှိရင်တောင် ခုချိန်မှာ စိတ်လျော့ပေးပါ ပါးတောင်းဆိုပါတယ်။

"ဟုတ်ပါတယ် ကော စိတ်လျှော့ပါ...."

San ကပါဝင်ပြောမှ ဝမ်ချောင်စိတ်လျှော့လိုက်တယ်။

ဟုတ်တော့ဟုတ်ပါရဲ့ ခုတိတိဖြစ်တဲ့ကိစ္စမှာ ရှောင်ကျန့်နှင့်မှမဆိုင်ပဲလေ။ ဒါပေမဲ့ သူ့ပရောဂမကင်းတာတော့သေချာတယ်...

"ဟုတ်တယ် သားကြောင့်ပါ။ သားကြောင့် ကလေးခုလိုဖြစ်ရတာ...။ သားကြောင့် အားလုံးသားကြောင့်....ဟင့်...."

ငိုကြီးချက်မနှင့် သူ့ကြောင့်ဆိုကာ ကြမ်းပြင်ပေါ်ဒူးထောက်ချလို့ လက်သီးနှင့် တဘုန်းဘုန်းထုရိုက်နေတဲ့ ရှောင်ကျန့်ကိုကြည့်ကာ ရှောင်ဘွားမှ အလန့်တကြား....

"ကျန့်ကျန့် မြေး ဘာဖြစ်လာတာလဲ ဒဏ်ရာတွေနဲ့...။"

ရှောင်းဘွားပြောမှ အားလုံးခုမှသေချာကြည့်မိတော့တယ်။
ခုဏကရိပေါ်ကိုစိုးရိမ်စိတ်ကြောင့် ဘာမှမမြင်နိုင်ခဲ့တာ ခုကျမှ ရှောင်ကျန့်ဟာ ဖိနပ်လဲမပါသလို ခြေဖဝါးကသွေးတွေကစီးကျနေတုန်းပင်။

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now