ခွမ်း....!!
အ....!
"မင်းပြောချင်တာ ငါကဖောက်ပြန်နေတာပေါ့လေ။!!!"
ဒေါသတကြီး ပေါက်ခွဲခံလိုက်ရတဲ့ နွားနို့ခွက်လေးက ကြမ်းပြင်ထက် အစိတ်စိတ်မွှာကွဲကြေသွားသလို နွားနို့တွေက လွင့်စင်တယ်။
တစ်ခုံကျော်မှာထိုင်နေတဲ့ရိပေါ်ခြေဖမိုးလေးပေါ်မှာတော့ ကွဲစလေးက နစ်ဝင်သွားတာများ စွက်ခနဲပင်....
" ကျနော်ပြောတာ အဲ့သဘောမဟုတ်...."
ဒုန်း....!!!
"ပိတ်စမ်း...!!"
ထိုင်ခုံကို ကန်ကျောက်လို့ ရိပေါ်စကားကိုဖြတ်တောက်တဲ့ကိုကိုက မျက်ဝန်းတွေစူးရှနေသလို လက်ကလဲ ရိပေါ်ရှပ်ကွက်ကော်လံလေးကို အားပြင်းစွာဆွဲစုပ် ပင့်မထားတယ်။
မမြင်ခဲ့ဖူးဘူး ။ကိုကိုဒေါသတွေခုလောက်ထွက်တာ...။သူ့ကိုယ်ကျင့်တရားထိပါးမိလို့လား ဒါမှမဟုတ် ချင်းကျဲကို အငယ်နှောင်းလို့သုံးနူန်းမိလို့လား။ ဘာပဲဖြစ်ဖြစ် အဓိပ္ပါယ်ကအတူပဲမလား....
"နားထောင်စမ်း ဝမ်ရိပေါ် အလျော့ပေးရင် သိပ်ကမ်းတတ်မလာနဲ့။ မင်းရှိသင့်တဲ့နေရာမှာမင်းနေ။ ငါနဲ့ချင်းလီရဲ့သိက္ခာကို မင်းစော်ကားရလောက်အောင် မင်းအဆင့်မရှိသေးဘူး။ အထူးသဖြင့် ချင်းလီ။ ဘာလို့လဲသိလား မင်းက ငါ့တွက် ခလုတ်ကသင်းတစ်ခုထက်မပိုလို့။ မင်းသာ မရှိရင် ငါနဲ့ချင်းလီက တစ်အိုးတစ်အိမ်တည်ပြီးလောက်ပြီ။ မင်းကြောင့်... မင်းကတရားခံဖြစ်ပြီး ငါကမင်းအပိုင်ပုံနဲ့လာပြောနေတာ နဲနဲမှမရှက်ဘူးလား...။ တောက်ခ် ဒီခါနောက်ဆုံးဖြစ်ပါစေ..."
ဝုန်း...!!
အင့်....!!!
ရစရာမရှိတဲ့ ထိုးနှက်ချက်တွေအပြင် အားနှင့်တွန်းထုတ်ခံလိုက်ရတဲ့ ဖြူလွလွကောင်ငယ်လေးက ကြမ်းပြင်ပေါ် ပစ်စလက်ခတ်။
ဒါတင်မကသေးဘူး ဖန်ကွဲစတွေက လက်ဖဝါးထဲ စူးစူးနင့်နင့်ပါပဲ....
စိတ်တိုသွားသူကတော့ အရင်ကတိုင်း လှည့်မကြည့်စတမ်း ထွက်ခွာသွားချေပြီ။
မကုန်နိုင်တဲ့မျက်ရည်တွေကသာ ရိပေါ်အနားထင်ကျန်လို့ပင်....

YOU ARE READING
Awl of love(အချစ်ဆူး)(Complete )
Fanficကိုကို က ကျနော့်အတွက်တော့ ဆူးတစ်ချောင်းပါပဲ.... နာကြင်ရမယ် ထိခိုက်ရမယ်မှန်း သိလျက်နဲ့ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားချင်တာ.... အင်း.... ဆူးလေးတစ်ချောင်း.... အချစ်ဆူးလေးပေါ့....