1(U)

6K 129 7
                                    

သစ်ပင်တွေ ပန်းပင်တွေ ဝန်ရံပြီး 
လှပတဲ့ ခြံကြီးတစ်ခြံ။ ထိုခြံထဲမှာပင် ကြီးမားပြီးတင့်တယ်တဲ့ ကျွန်းသားတွေနဲ့ တည်ဆောက်ထားတဲ့ ဆန်းအိမ်တော်ကြီး။
ငှက်များရဲ့တေချိုသံ။ မနက်စောစောပဲပြုတ်ရောင်နေတဲ့ ဒေါ်ကြီးတစ်ယောက်ရဲ့အသံ။ 

ထိုအသံတွေအား ဂရုမစိုက်ဘဲ ခုထိမထသေတဲ့ ထိုအိမ်ကြီးရဲ့ တစ်ဦးတည်သောသား
ကောင်းစက်သူ။

"မိထော် လာအုံ "

‌မြန်မာရင်ဖုံ အင်္ကျီကို လှပသေသပ်စွာဝတ်ဆင်ထားပြီး ဆံသား‌ဆံထုံပေါ်မှာလဲ စံကယ်ပန်းကုံလေးကို ပန်ဆင်ထားသည်။
ခန္ဒကိုယ်က အရမ်းဝတာမဟုတ်ဘဲ ပြည့်ပြည့်လေးဖြစ်နေသည်။အသက်က 46သားရှိသောလည် နုပျိုတုန်းပင်ဖြစ်သည်။ ရေနဲ့လည်ပြည်စုံသောအမျိုးသမီးကြီးတစ်ယောက်လည်ဖြစ်သည်။

စံပယ်ပန်းအချို့ကို အိမ်ရှေ့ခန်းတွင် သီးနေတုန်း မထသေးတဲ့ သားကို နိူးဖို့ရန် မိထော်ကို လှမ်းခေါ်လိုက်သည်။

"မိထော် ! "
နောက်တစ်ခွန်လောက် ကျယ်ကျယ်ခေါ်မှဘဲ
အနားကို အမြန်ပြေးလာသည့် မိထော်။

"ဟော ကျမခေါ်နေတာ ဘယ်နှစ်ခွန်ရှိပြီးလဲ"

"ဟို ကြီးကြီးရယ် သမီး ဟင်းရွက်ဆိတ်နေလို့ပါ "

"အဲ့မလေး ရိုနေပါပြီးတော် ညည်းဝတ္တုဖတ်နေရင် ဟင်းရွက်ဆိ‌တ်နေတာမို့လား အဲ့ထဲစိတ်ရောက်နေတော့ ငါခေါ်တာဘယ်ကြားရပါ့မလဲ"

"အယ် ကြီးကြီးကလဲ "

"မအယ်တော့နဲ့ အိမ်ပေါ်က ပျိုတော်မောင်ကို အိပ်ယာထဖို့သွားနိူးချေ "

"ဟုတ်ဟုတ် ကြီးကြီး"

မိထော်လည် အမြန်ပင်အိမ်ပေါ်ပြေးတက်သွားပြီး အကိုလေးအခန်းကို တံခါးခေါက်လိုက်သည်။

"အကိုလေး ! အကိုလေး ! "

"ဟာ!ဘာဖြစ်နေတာလဲ "

"ကြီးကြီးက ထတော့တဲ့ "

" ဟာ ဘာလုက်မို့လဲကွာ ညက2နာရီမှအိပ်တာကို " ဆိုပြီး။

ကုတင်ပေါ်က စောင်တွေကို ဖယ်ပြီး ကုန်းရုန်းထပြီး။ တံခါးကိုဆွဲဖွင့်လိုက်သည်။

🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀Where stories live. Discover now