ဒီနေ့က ရွာအလျူအစမို့လို့ ရွာဦးကျောင်းမှာလူစည်းနေသည် ၊ ချက်ပြုတ်အဖွဲ့ကတစ်ဖွဲ့ ကြက်သွန်ခွာတဲ့ လုံမတွေကတော့ စကားပြောလိုက် ၊ ရယ်လိုက် ၊လုပ်လိုက်နဲ့ ဟန်ကျနေသည် လုလင်တွေကလည်း မနားပေး ထမင်းချက်ဆောင်နောက်မှာ ထမင်းပေါင်းနေရသည်
လူရိုလည်းအပါအဝင်ပေါ့ ။"အကို မောနေပြီးလား အကိုသောက်ရအောင်ရိပ်ရေခပ်လာတယ် "
လူရို ကိုလူထွားတို့နဲ့ စကားပြောနေတုန်း ရိပ်ရောက်လာပြီး ရေလာတိုက်ခြင်းဖြစ်သည်။
ကျတော်လည်း မငြင်းဘဲသောက်လိုက်သည် ငြင်းရင် ဘေးမှာက လူပျိုတစ်သိုက်လည်ရှိတော့ မရိပ်ချိုအတွက်မကောင်းပေ ။ဒါကို ဘေးက ကာလာသားတချို့ကြည့်ပြီး ကျိတ်ရယ်နေကြသည် ။
ကာလာသားတွေထဲက တစ်ဦးက"အို မရိပ်ချိုရယ် ကျုပ်တို့လည်း မောတက်ပူတက်ပါတယ် ရေလည်းဆာတက်တယ်ရော"
"အို~ဘာတွေပြောနေတာလဲ"
ဆိုပြီး ပြေးထွက်သွားသည်။
ရှက်ဖွယ်အမူအဟန်နဲ့ ပြောလိုက်သည့် ရိပ်ချိုပုံစံက လူရိုအတွက် ရင်ပိုစရာမဟုတ်ပေ။
ဘေးနားက ငေးပြီးသဘောကျနေတဲ့ ကာလာသားတချို့ကတော့ မပြောတက်။"ကျတော်နောက်ကျသွားလို့ တောင်ပန်းပါတယ်ဗျ ၊ စာတွေအပြီးစစ်နေတာနဲ့ ကြာသွားတာ စိတ်မရှိပါနဲ့နော်"
ပုဆိုးကို ခပ်တိုတိုဝတ်ထားတာကြောင့် ဖြူဥပြီးသေသွယ်တဲ့ ခြေသလုံးလေးတွေ အထင်သားမြင်နေရသည် ။ အကျကိုကြတော့အရောင်ကိုခပ်နွမ်းနွမ်းအညိုရောင်အကွက်လေးဝတ်ထားပြီး ပါးပေါ်မှာက သနပ်ခါးအဖွေးသားနဲ့ အသက်ပုံစံက တကယ်ချစ်စရာပါ ဒါပေမဲ့ ဘာလို့ ပုဆိုးခပ်တိုတိုဝတ်လာရတာလဲ ။
"ဟမ်း ဒါက ရွာကို ပြောင်းလာတဲ့ ကျောင်းဆရာအသစ်လေးလား "
အောင်ချမ်းဆိုတဲ့ လုလင်က ထမေးသည်။
အောင်ချမ်းပုံစံက အသားက ခပ်ညိုညို လူရိုလောက်တော့ မထွားကြည့်ကောင်းသည့်ထဲမှာတော့ပါသည်။"ဟုတ်ပါတယ်ဗျ"
"အို~တယ်ချောပါလာ အာ..ကန်တော့ကန်တော့ ကျုပ်ပြောချင်ဇောသွားလို့ ဆရာလေးက တယ်ကြည့်ကောင်းတယ်လို့ပြောချင်တာ ဆရာလေး ရွာကို ပြောင်းလာတာ2လပြည့်ပြီး ခုမှတွေ့ဖူးတော့တယ် "

أنت تقرأ
🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀
حركة (أكشن)( ကောင်းစက်သူ)ခေါ် (စက်သူ) "ကိုဗဟို လူကို အတင်းလိုက်ပြီး အဖြေမတောင်နဲ့ ကျတော်ပေးချင်တဲ့အချိန်ကျမှပေးမှာပေါ့" ( နေဗဟို )ခေါ် (ကိုလူရို) "ဟာ မရဘူး ကျူပ်က ဆရာလေးကို 1ရက်အချိန်ပေးထားတာလေး ခုပေးမပေးရင် ကျူပ်ခိုးပြေးမှာ" ...