20 (U)

1K 32 2
                                        

"အော် အစ် အစ် အွတ်!!"

ကောင်းနိူးလာတော့ ကြီးမာပြီး နွေးထွေးတဲ့ ရင်ခွင်ထဲမှာ ဆိုတာ သိလိုက်တော့  ရင်ထဲနွေးမိသည်။ ခါးမှာ ဖတ်ထားတဲ့ သန်မာပြီး အညိုရောင်လက်ကို သူ့လက်ဖွေးဖွေးတွေနဲ့ ဖယ်လိုက်တော့ ဖယ်လို့မရဖြစ်နေသည်။

"‌အသက် အစောကြီးထမနေနဲ့ အိပ်နေလေ အသက်ပင်ပန်းထားတယ် "

ခါးကလက်ပိုတို ဖတ်ရင်ပြောလိုက်သည်။

"ရတယ် ထမယ် သူများအိမ်လာပြီး နေမြင့်မှ ထလို့ရမလား ဖယ်နော် မောင် "

"အသက်ကလည် အသက် အအိပ်ပျက်မှာစိုလို့ပါ "

"မပျက်ဘူး ခါးက လက်ကို ဖယ်ပေး အရီးမီးဖိုချောင် ဝင်နေပြီး ကူရမယ်"

"သဘောပါဗျာ မီးဖိုချောင်ထဲဝင် ဘာမှမထိခိုက်စေနဲ့နော်  ပြီးမှ မောင်အဆိုးမဆိုနဲ့"

ဖတ်ထားတဲ့ ဖယ်ပေးတော့ ကောင်းလည် ထလိုက်သည်။

"မောင်ဆက်အိပ်မယ်ဆိုလည်အိပ် တောကြာနေရင်တော့ထ။ ပြီးရင် အလုပ်သမားတွေနဲ့ လယ်ထဲလိုက်သွား ဒီနေ့ အရီးတို့ ပဲနှုတ်မယ်တဲ့ ကြာလားမောင်"

"ဟုတ် "

လူရို အိပ်နေတော့ ကောင်းလည် အောက်ဆင်းလာပြီး မျက်နှာသစ် သနပ်ခါးလိမ်းပြီး မီးဖိုချောင်ထဲဝင်လာတော့ မီးထိုင်မှုတ်နေတဲ့ အရီးကိုတွေ့သည် ။

"အရီး သားလည်း ထမင်းကူချက်မယ်"

မီးမှုတ်နေတဲ့ အရီးက ကောင်းသံကြားတော့ ကောင်းကို လှည့်ကြည့်ပြီး။

"ဟယ်တော ၊ တူလေးရယ် အစောကြီး ထနေတယ် ပြန်အိပ်ပါကွယ် ခရီးပန်းလာတာကို "

"ရပါတယ်ဗျာ သားလည်းကူမယ်လေနော်"

"တူလေးယောကျာ်း မောင်လူရိုက အရီးတို့ကိုပြောနေပါဦးမယ် မကူနဲ့ရတယ် တူလေးပြန်အိပ်ရင် အိပ်ပါကွယ်"

"မောင်က ရတယ်တဲ့  ဘာမှမဖြစ်ဘူး ကူလို့ရတယ် အရီး"

အရီးလည် သက်ပျင်းတစ်ချက်ချရင် ။

"အေပါကွယ် ဟုတ်ပါပြီး တားမရပြောမရမှတော့ ကူပေါ့ လာပထမဦးဆုံး ငရုတ်သီးတွေ ချွေပေးအုံ "

🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀Tahanan ng mga kuwento. Tumuklas ngayon