16 (U)

733 30 1
                                    

ခုဆို အသက်လည်း ကျောင်းပြီးပြီ ဖွားမေလည်ပြန်ရောက်ပြီး အသက်ရဲ့ မိဘတွေကလည်း မနက်ဖြန်မပျိုလေးတို့ရဲ့ မဂ်လာကစ်စအတွက်  ဒီမနက် ရွာကို လာမယ်တဲ့ ခုလည်း ကျုပ်မှာ အသက်ရဲ့မိဘတွေကို အသက်နဲ့အတူ  သွားကြိုရအောင် လှည်းနဲ့ ရွာထိပ်ကိုသွားနေသည်။

"အသက် "

"ဗျာ"

"အဲ့မလေဗျာ ကျုပ်တော့ အသဲတွေကြွေရပါပြီး အသက်ရယ် ဘယ်လိုလေး ထူလိုက်တာတုန်း ဒီက မောင်မှာ အသက်နဲ့ ခွဲရမှာမို့ စိတ်မချမ်းမသာဖစ်နေတာကို အသက်က ပိုချစ်ဖို့ကောင်းအောင်နေပြနေသလား"

လှည်းမောင်းနေတဲ့ မောင်မှာ ဝမ်းနည်းပက်လက်နဲ့ ပြောနေသည်ကို နောက်က လိုက်စီးလာတဲ့ ကျတော်မှာ ငိုရမလိုလို ရယ်ရမလိုလိုဖြစ်နေသည်။

"မောင်ရယ် လေးငါးရက်ဘဲဟာကို ဖေဖေတို့ ပြန်သွားရင် အိမ်ပြန်လာခဲ့လေ ခုဟာကလည်း မောင်ရော ဖေဖေတို့ရော ကိုလူထွားတို့အတွဲရော ဆိုရင် အိမ်က အခန်းမလောက်လေးဘူးလေ ခဏဘဲ သီးခံပါမောင်ရယ်"

"အသက်က လေးငါးရက်ကို ခဏလေးလို့ ထင်နေသလား ၊ ဒီက မောင့်အတွက်တော့ နှစ်ပေါင်း ထောင်သောင်းမက ကြာပါတယ်"

"အဟွန့် ပိုပြီး ~~ခဏပါဘဲဆို ဟုတ်ပြီးလား ကဲလှည်းသာ မြန်မြန်လေးမောင်း မေမေတို့စောင့်နေရမယ် "

"ဟုတ်ပါပြီးလေ ကိုယ့်မှာလွမ်းကြောင်းပြောပြချင်သော်လည်း အသက်လေးအတွက် ပိုတယ်ထင်ရင် မောင်နှလုံးသားထဲ ပြန်သိမ်းထားပါမယ် "

အရှေ့မှာ ခံစားပြနေတဲ့ မောင့်ကို ကြည့်ပြီး သူဘာမှ မပြောချင်တော့ပါ သူလည်းဘဲခံစားရတာပါဘဲ ဘယ်ခွဲချင်ပါမလဲ ဒီကလဲ ခံစားချက်ရှိပါတယ် ကိုယ်ပါ အလွမ်းသယ်ပြီး ခံစားပြနေရင် အခြေအနေက ပိုဆိုးကုန်မှာ ခုတော့ ကိုယ်ကဘဲ လူရုတ်မာကြီးဖစ်လို့ ‌
ဟင်းးးးးးမောင်နဲ့လည်း ခတ်ရချည်သာ။

ရထားဂိတ်ရောက်တော့
ခရီးဆောင် သေတ္တာအနီးရောင်လေးကို ကိုင်ပြီး စောင့်နေတဲ့ ဖေဖေနဲ့မေမေဆီကို ပြေးသွားလိုက်ပြီး မေမေရဲ့ ရင်ခွင်လေးထဲ ခိုဝင်မိတော့သည်။

🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀Where stories live. Discover now