13 (U)

762 33 5
                                    

ဒီညက အလျူပွဲဈေးဆိုတော့ ဘုန်းကြီးကျောင်းလမ်းမှာ ဈေးဆိုင်လေးတွေစုံလို့နေသည် ၊ အကင်းတွေရော သေရည်အမျိုးမျိုးရော အရုပ်မျိုးစုံ အစားအသောက်အစုံတို့ကို ရောင်းချနေကြသည်။
အပျိုလေးတွေနားမှာ ကာလာသားလေးတွေက ရစ်သီရစ်သီလုပ်နေကြပြီး စနောက်နေကြသည်။

ထိုဈေးလမ်းလေးထဲမှာလည်း ထွားကြိုင်တဲ့ကောင်လေးတစ်ယောက်က ဖြူသွယ်တဲ့ကောင်လေးတစ်ယောက်ကို စနောက်လို့နေသည်။ ထိုဖြူသွယ်ကောင်လေးမှာလည် ရှက်သွေးဖြာပြီး မျက်နှာလေးက ရဲလို့နေသည်။

"ကိုလူရို ခဗျားအရမ်းဆိုးမလာနဲ့ ညနေကမှအဖြေပေးထားတယ် ခုခဗျားအရမ်းအသားယူနေပြီး"

"အို~~အသက်ကလည်း မောင်က ချစ်လို့ချစ်စကားပြောတာ အသက်က ရှက်စရာလား ပြီးတော့ လူရိုတဲ့ အဲ့လိုကြီးမခေါ်နဲ့လေ မောင်လို့သာခေါ်လိုက် ဒီက ' ကိုနေဗဟို 'ဆိုတဲ့လူသားမှာရှိတဲ့အချစ်ရော အသက်ရော ဘဝရော ပိုင်ဆိုင်မှုတွေက အသက်အတွက်ဘဲဖစ်စေရမယ်"

"စကားတက်တိုင်လျှောက်မပြောနဲ့"

"တကယ်ပါဆို စကားတက်တာမဟုတ်ရပါဘူး ချစ်တက်သွားတော့ ရင်ထဲကစကားတွေက သင်စရာမလိုဘဲ အရှိတိုင်ထွက်လာတာ မယုံရင် မောင်ရင်ခွဲပြရမလား"

"ကိုလူရို"

"မခေါ်နဲ့လို့ အဲ့နာမည်ကြီး မောင် လို့ခေါ်
မခေါ်ရင် နမ်းမှာနော်"

ဆိုပြီး အသက်ရဲ့ရှေ့ကို ကိုယ်လေးကိုင်းပြီးပြောလိုက်တော့ မျက်လုံးဝိုင်ဝိုင်တွေနဲ့ ကျတော်ကိုပြန်ကြည့်ပြီး။

"ကိုလူရို!"

"ရှိုတ်"

ဆိုပြီး ချစ်ရတဲ့အသက်ပါးဖောင်းဖောင်းလေးပေါ် လူရိုနှာခေါင်းချွန်ချွန်နစ်ဝင်တဲ့ထိ မွှေးကြူလိုက်တော့ နမ်းလိုက်တဲ့ပါးလေးကို လ‌က်လေးနဲ့အုပ်ပြီး ကျတော်ကို မျက်လုံးဝိုင်ဝိုင်လေးတွေနဲ့ကြည့်လို့နေသည်။

"ခေါ်လေ လူရိုလို့ ဒီခါခေါ်ရင်တော့ အသက် နူတ်ခမ်းဖူးဖူးလေးကို မောင်ကျူးကျော်တော့မှာ"

ဂျောင်ကျတဲ့ သစ်ပင်အောက်မှာဖစ်တာကြောင့် သူတို့နှစ်ယောက် အဖစ်ကို မည်သည်မှသတိမထားမိချေ။

🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀Where stories live. Discover now