17 (U)

773 33 4
                                    

"မောင်ရယ် စောင့်လိုက်ရတာ "

"အဟဲ အိမ်ရှေ့မှာ လူတွေမှ မပျက်သေးတာအသက်ရယ် မောင်လာတာတွေ့သွားရင် ကျုပ်အသက်လေး ဆူခံထိမှာဆိုလို့ မောင်နည်းနည်းနောက်ကျသွားတာပါ ဟဲဟဲ"

"မောင် ! မလိမ်နဲ့နော် လိမ်ရင်ပိုဆိုးမယ် "

"မလိမ်ပါဘူးအသက်ရယ်"

"အဲ့ဆို ရှေ့တိုခဲ့ "

"ဟုတ်"

"ဘာတွေ တွတ်ဆုတ်တွတ်ဆုတ်လုပ်နေတာလဲ အရှေ့ကို တိုးခဲ့ "

"ရပြီးလား"

အသက်အနားရောက်တော့ လူရိုဆိုလိုင်သည်။

"ပါးစပ်ဟ "

"အာ..."

သူ့ပါးစပ်နားကို လာပြီး နှာခေါင်းလေးနဲ့ တစ်ရှုပ်ရှုပ်နဲ့ အနံ့ခံနေလေသည့် အသက်ပုံလေးက ဘယ်လိုလေးတုန်းဗျာ။

"ထန်းရည် သောက်လာတာမလား"

"ဟမ်း!!"

မာလကာရွက်စားလာတာတောင့် အနံ့က ခံလို့ရတာလား။ လူရို မျက်နှာက သူခိုး လူမိဖြစ်နေပုံကို ကြည့်ပြီး ကောင်းစိတ်ပိုတိုလာသည်။ မသောက်ပါနဲ့ မကြိုက်ပါဘူး အတန်တန်ပြောတာကို သောက်ဖစ်အောင်သောက်သေးတယ် မောင့်ကို တကယ်ဒေါသထွက်သည်။

"သောက်လာတာမို့လာလို့! "

"ဟိုဟာ"

အမှန်တော့ အောက်မှာ ကိုလူထွားတို့ တစ်အုပ် ထန်းရည်သောက်နေတုန်း လူရို ခြံနောက်က ဝင်လာတာကို တွေ့သွားတဲ့ ကိုလူထွားက အတင်းလာခေါ်ပြီး ထန်းရည်သောက်ဖို့ခေါ်တော့ မသောက်ဖို့ ငြင်းတော့လည်း အတင်းသောက်‌ဖို့ပြောနေတာကြောင့် လူရိုလည်း ဆက်မငြင်းတော့ဘဲ တစ်ခွက်လောက်သောက်ပြီး အသက်အခန်းကို သွားမယ်ဆိုပြီး ကိုလူထွားတို့ ဝိုင်းကို လိုက်လာလိုက်တော့ ယောက္ခမကြီးမှာ ဝိုင်းထဲမှာရှိနေပြီး သောက်စားနေသည်။ လူရိုလည်း ယောကမကြီး ဘေးဝင်ထိုင်ပြီး ထန်းရည်တစ်ခွက်သောက်လိုက်သည်။ဒါပေမဲ့ ထန်းရည်ဆိုသည်မှာလည်း အစရရင် မဖျတ်ချင်ဘူးရယ် ဒါကြောင့် သောက်ရင်သောက်ရင်နဲ့ နည်းနည်းများလာသည် ဒါကြောင့် အသက်အခန်းထဲသွားဖို့ ပြင်လိုက်သည် အသက်အခန်းပြတင်ပေါက်နားက သစ်ပင်ကနေ ခိုပြီး အသက်အခန်းထဲရောက်တော့ အသက်က ဆူလေသည်။

🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀Where stories live. Discover now