"အသက် ရေချိုးပြီးပြီလာ "
"အွန်း "
အိမ်ရှေ့ စာပွဲပေါ်မှာ စာစစ်နေတဲ့ ကျုပ်ရဲ့အသက်ကိုမေးလိုက်သည်။ ရေချိုးပြီးခါစမို့ မျက်နှာလေးက ကြည်နေသည် နှာခေါင်းထိပ်က မှဲ့နက်လေးက အထင်သာ ခေါင်းလျှော်ထားတာေကြာင့် ထင်တယ် ဆံပင်မကောက်တစ်ကောက်လေးတွေကလည်း ဖွဖွရွဲရွဲလေးဖြစ်နေသည်။ ဘာဆေးနီမှမပါဘဲ ရဲနေတဲ့ နှုတ်ခမ်းတစ်စုံကလည်း ကျုပ်ဆွဲကိုက်ချင်လောက်အောင်အသည်းယားစရာ ကျုပ်ကြည့်နေတုန်း ကျုပ်ဘက်ကို လှည့်လာပြီး။
"ဘာတွေ တွေးနေတာလည်း "
"ဘာမှမတွေးပါဘူး အသက်ရယ် ကျုပ်အသက်အလှမှာ မောင် စိတ်နှလုံးလေးခစားနေတာ "
"အဟွန်း အပိုတွေပြောမနေနဲ့ "ဆိုပြီး စာအုပ်တွေထပ်နေလေသည်။
လူရိုလည်း ကောင်းအနားကို ရောက်လာပြီး"အပိုမပြောရပါဘူး ပိုသွားတော့လည်း မောင်အသက်ဘဲယူလိုက် "
လူရို ကောင်းပခုံးပေါ် မေးလေးတင်ရင် စကားဆိုလိုက်တော့ ပခုံးကို အသာဘေဆောင်ပြီး မေးစရာရှိတယ်ဆိုတဲ့ အကြည့်နဲ့ လူရိုကိုကြည့်ရင် ။
"အဲ့ဒါအသာထားပါအုံ ဘာလို့ အိမ်ပြန်နောက်ကျနေတာလဲ "
" ဒီနေ့ အဘက သူ့နွားတွေကို မောင့်လယ်ထဲလွှတ်ထားလို့ ကိုယ့်နွားကိုယ့်ထိန်းဖို့သွားနေတာ ပြီးတော့ အိမ်ပြန်လမ်းမှာလည် ဆေးဆရာ ဘဘုနဲ့ တွေ့တာနဲ့ ဆေးဝယ်နေရင်ပိုကြာသွားတာ "
"ဘာဆေးတွေဝယ်လာလဲ "
"ဒီလိုပါဘဲ ဆေးတစ်ချို့ပါ ၊ ပြမယ် ခဏ"
ဆိုပြီး တိုင်မှာ ချိတ်ထားတဲ့ လွယ်အိတ်ထဲက
သောက်ဆေးတစ်ချို့နဲ့ လိမ်းဆေးတချို့ယူလာပြီး စာပွဲပေါ်တင်ပေးတော့
ကောင်းက ကောက်ကိုင်ပြီး ဖန်ပုလင်း ခရမ်းရောင်ကို လက်နှစ်လုံးစာလောက်သာရှိတဲ့ ဆေးဗူးလေးကို ကိုင်ရင် ။"ဒါက ဘာဆေးလည်း ကျန်တဲ့ဟာတွေနဲ့လည်း မတူဘူး ကျန်တဲ့ဟာတွေက စက္ကူထုတ်တွေနဲ့ ဒါကတစ်မျိုးနော်"
"ဒါက ဆေးကြီးတယ် ငွေဆ၁၀၀၀၀တောင်ပေးလာရတာ "
ထိုစကားကြောင့် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လူရိုကိုပြန်ကြည့်ရင်။
![](https://img.wattpad.com/cover/292817183-288-k704716.jpg)
YOU ARE READING
🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀
Action( ကောင်းစက်သူ)ခေါ် (စက်သူ) "ကိုဗဟို လူကို အတင်းလိုက်ပြီး အဖြေမတောင်နဲ့ ကျတော်ပေးချင်တဲ့အချိန်ကျမှပေးမှာပေါ့" ( နေဗဟို )ခေါ် (ကိုလူရို) "ဟာ မရဘူး ကျူပ်က ဆရာလေးကို 1ရက်အချိန်ပေးထားတာလေး ခုပေးမပေးရင် ကျူပ်ခိုးပြေးမှာ" ...