11 (U)

795 28 4
                                    

" ချစ်သော် လာအုံ "

"ဟုတ်ကဲ့ "

ကျောင်းစိမ်းအကျ အဖြူအစိမ်းလေးကို ဝတ်ထားပြီး သနပ်ခါးအဖွေးသာနဲ့ ချစ်သော်ကို အဘအောင် လှမ်းခေါ်လိုက်သည်။

"မင်း ဒီမနက် ဆရာလေးတို့နဲ့သွားမှာမလား "

"ဟုတ်"

"အဲ့ဆို နောက်ဖေက ဖရုံးသီး သွားခူးချေ "

"ဟုတ်အဘ ၊ ဪ ဒါနဲ့အဘ အဘရဲ့မြေးမကို သေချာထိန်းသိမ်းအုံ ရွာထဲက ငါးပိနဲ့ ဘာလိုလိုလို့ ကျုပ်ကြားတယ် "

"အေး ငါပြောလိုက်မယ် ၊ မင်းလည်း ကလေးအရာနေ ၊ ပြီးတော့ ပြောရဦးမယ်မင်းကို မင်းလည် ရွာ နောက်ပိုင်းက ဒေါ်ခွေးမ မြေးကို သွားပြီး ကြိုက်တယ်လို့ သွားပြောတယ်ဆို ၊ လူကြည့်တော့ဖြင့် လက်တောက်လောက်နဲ့ မင်းလည်းကျက်ကျက် သတိထား "

"အဘရာ လူပျိုသဘာဝ ချစ်တာကြိုက်တာ ဆန်းသလား "

"ဘာ ! ဘယ်နားက လူပျိုလဲ ၊ သူများကြတော့ ထိန်းအုံ သိမ်းအုံနဲ့ မင်းကိုသာ ငါထိန်းရသိမ်းရမှာ "

"အဟား ကျုပ်က ယောကျာ်းလေးပါ ဒီလိုအတက်တွေ လေ့လာထားတာ ကြီးလာရင်ပိုးရပန်းရရင် သူများကို နည်းမေးစရာမလိုအောင် ခုထဲက သင်ယူပြီး အစမ်းလေ့ကျင့်တဲ့သဘောပါ အဘရာ"

"တောက် !! မင်း!"

ဆိုပြီး ဘေးနားက ကွမ်းအစ်ပေါ်က ကွမ်းညှပ်ကို ယူပြီး ခေါက်မယ်လုပ်တော့ နောက်ဖေကို ပြေးသွားတဲ့ ကိုယ်လုံးလုံးလေးကိုကြည့်ပြီး အဘမှာ ဒေါထနေသည်။



"အကိုရေ ....!"

မနက်စောစော ရိပ်ချို လူရိုတို့အိမ်ကို လာခြင်းဖြစ်သည် ။

"ဟာ ရိပ်ချို "

ရိပ်ချိုအသံကြောင့် အပြင်ကို ထွက်လာတဲ့ လူရို ။

ထုံးစံအတိုင်း လူရိုက ပုဆိုးကို ခပ်တိုတိုဘဲဝတ်ပြီး အကျ လက်အပျက်ကိုဝတ်ထားသည်။

"အကို အားလား ၊ ရိပ် ဒီနေ့ ရွာထဲလျှောက်ကြည့်မို့ အဲ့ဒါ အကို ရိပ်ကို လိုက်ပို့လို့ ရသလား"

"မရဘူး ၊ ကျုပ် ဆရာလေးကို ကျောင်းသွားပို့ရမှာ ပြန်လာရင်လည်း လယ်ထဲသွားရမှာ "

🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀Where stories live. Discover now