9 (U)

780 31 4
                                    

ညောင်ပင်အောက်ကစကားဝိုင်းတစ်ခုမှာ မိန်းမကြီးတစ်ယောက်ကစကားစလိုက်သည်။

"အဲ့လိုတော် ကျုပ်တို့ရွာက မိန်းမပျိုလေးကိုတောင် အဲ့လုလင်က ငြင်းတယ်ဆိုတော့ လုလင်က ဘာစိတ်များရှိနေလို့လဲ ရိပ်ချိုဆိုတာကလည်း တစ်ရွာလုံးက ကာလသားတွေ ဝန်းရံထားတဲ့ အပျိုလေး ဒင်က ဘာကစ်စငြင်းရသတုန်း"

ဆိုပြီး အလယ်မှာ ချထားတဲ့ ပန်ကန်ထဲက လက်ဖက်သုတ်ကို တစ်ဇွန်းခပ်စားလိုက်သည် ။

" အို ကျုပ်တို့ရွာရဲ့ မိန်းမပျိုကို ဒါသက်သက်အရှက်ခွဲတာ အစထဲက မနှစ်သက်ရင်မနှစ်သက်ဘူးပေါ့အေ ခုတော့ အရပ်သိသွားမှ
ငြင်းရတယ်လို့အေ"

"ဟုပတော်"

ထိုစကားဝိုင်ကို သစ်ပင်အကွယ်မှ
ကြားသွားတဲ့
မရိပ်ချိုမှာလည်  ဒေါသရော အရှက်ပါပေါင်းပြီး အတော်ပင်အမျက်ကြီးနေသည်။

*အကိုက ကျမကို ငြင်းရလောက်အောင် ဘယ်လုံမက ကျမထက် သာလွန်နေလို့လဲ
ကျမထက် သာလွန်နေရင်လည် ကျမက သူ့ထက်သာလွန်အောင် လုပ်မှာမို့ အကိုက ကျမအတွက်ဘဲဖစ်ရမယ်*

ထိုစကားတို့ကို ရိပ်ချို စိတ်ထဲကသာဆိုလိုက်သည် ၊ ရိပ်ချိုရဲ့ပုံစံက ဇာယဉ်ဖုံးလေးတွေသာဝတ်ဆင်ပြီး အမြဲ ပါတိတ် ထဘီး‌နဲ့သာဆန်းမြန်သည် ၊ သူမှာရဲ့ နူတ်ခမ်းသားများက အရမ်းကြီးမထူဘဲ ပါးသည့် ပုံလည်းမပေါက်ပါ သူမ နူတ်ခမ်းက နီညိုရောင်ဖြစ်သည် ၊မျက်တောင်များက အရမ်းကြီးရှည်နေတာမဟုတ်ဘဲ သာမန်သာ ၊
သူမရဲ့ ဆံ‌ကေသာများကိုလည်း အမြဲ
တစ်ပတ်လျှိုသာ အမြဲထုံး ထားလေ့ရှိသည်။
အများအမြင်မှာတော့ သူမဟာ နူညံ့သိမ်မွှေးပြီး နန်းဆန်းတဲ့ အမျိုးသမီးကောင်းဖြစ်သော်ငြားလည်း သူမရဲ့ အတွင်းစိတ်ကတော့ မကောင်းသည့် စိတ်များရှိသည်။




"ကိုကြီး လူရို ! ဗျို့  ကိုကြီးလူရို! "

ကောင်းစက်သူတစ်ယောက် ကျောင်းပိတ်ရက်ဖစ်တာကြောင့် အမှတ်စရင်းတွေကို အိမ်ရှေ့ တန်းယာ မှာစစ်နေတုန်းချစ်သော်အိမ်‌ထဲဝင်ဝင်ချင်း လူရိုနာမည်ကိုတစ်ကျော်ကျော်နေတာကြောင့် လှမ်းဟန့်လိုက်သည်။

🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀Where stories live. Discover now