"ဆရာလေး !ဆရာလေး ! လာပါအုံ "
အိမ်ရှေ့က ကိုအောင်ချမ်းခေါ်သံကြောင့်
အထဲမှာ အဝတ်ခေါက်နေရင်မှ ထပြီး အပြင်ကို ပြေးထွက်လာလိုက်တော့ ကိုလူရိုကို တွဲလာကြတဲ့ ကိုအောင်ချမ်းနဲ့ ကိုလူထွားမှာ အတော်ပင်ပန်းနေပုံ နှစ်ယောက်လုံးက ချွေတွေပင် ချွဲလို့နေသည်။ ကိုလူရိုကတော့ယိုင်တိုင်တိုင်နဲ့ ထိုနှစ်ယောက်ကြားမှာ သူ့ကိုယ်ကြီးက ဟိုဘက်ရောက်ဒီဘက်ရောက်။
ခင်ဗျား ဘာဖြစ်လာတာလဲ ကိုလူရို။"ကိုလူရိုက ဘာဖြစ်လာတာလဲ "
ကိုအောင်ချမ်းနဲ့ ကိုလူထွားမှာ ကိုလူရိုရဲ့ ကိုယ်ကြီးကို ကွမ်းပစ်ပေါ်ကို ချပေးပြီး။
အောင်ချမ်းက ဆိုးရိပ်တကြီး ကိုလူရိုကိုကြည့်နေတဲ့ ဆရာလေးကို စကားဆိုလိုက်သည် ။"ကိုလူရိုက ထန်းရည်မူလာတာ "
ထိုစကားကြောင့် မျက်နှာပျက်ပြီး မျက်မှောင်ကြုတ်ပြီး ကိုလူရိုကို ကြည့်နေတဲ့ ဆရာလေးအကြည့်တွေကြောင့် အောင်ချမ်းရော ကိုလူထွားပါ စကားဖြည့်ဖို့ ပြင်လိုက်ရသည်။
"ဆရာလေးရယ် ဟို စိတ်တော့ မဆိုးလိုက်ပါနဲ့ေနာ့ ဒီနေ့က လူရို ခိုးပေးတဲ့ လုလင်တို့အတွဲ မဂ်လာပြုမယ့်နေဆိုတော့ လူရိုကို ဟိုလုလင်က အတင်းတွေ ထန်းရည်ဆတိုက်တော့လူရိုက သောက်ရတာပါ ပြီးတော့ လူရိုက မသောက်ရင်လည်းမသောက်ဘူး သောက်ရင်လည်းအဝသောက်တာဆိုတော့ ဒီလိုဖစ်သွားတာ "
သူတို့လူ အဆူမခံရအောင် စကားဖြည့်ပေးနေတဲ့ ကိုလူထွားတို့ကိုလည်း စိတ်ဆိုးမိသည်။ ဒါပေမဲ့ ဒင်းသာ မသောက်ရင် ဟိုကဘယ်လောက် ဇွတ်တိုက်လည်း ဘာမှမဖစ်ဘူး။ အဓိက တရားခံက ကွမ်းပစ်ပေါ်မှာ ပက်လက်ကြီး အိပ်နေတဲ့ ကိုလူရို ။
"ဟုတ် အဆင်ပြေပါတယ် ကိုလူထွားတို့ ပြန်လို့ရပါပြီး ကျတော် သူ့ကို အိမ်ထဲခေါ်သွားလိုက်မယ် "
အသံအနေအထာက နည်းနည်းတင်းနေတာကြောင့် မိုလို့ ကိုလူထွားတို့လည်း ဘာမှ ဆက်မပြောတော့ဘဲ ပြန်လာခဲ့လိုက်သည်။ အိမ်ထဲထိတော့ ဆက်မပို့ပေးနိုင်တော့ဘူး သူ့အရပ်6ပေကျော်တဲ့ အရပ်ကြီးနဲ့ေရာ သူ့လက်မောင်းကြွက်သားတွေအကြီးကြီးတွေကို ကိုယ်တွေ ပခုံးပေါ်တင်ပြီး ရွာလမ်းတစ်လျှောက် ဟိုယိုင်ဒီယိုင်နဲ့ တွဲခေါ်လာရတာ ကိုယ်တွေလည်ပင်ပန်းတယ်။
YOU ARE READING
🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀
Action( ကောင်းစက်သူ)ခေါ် (စက်သူ) "ကိုဗဟို လူကို အတင်းလိုက်ပြီး အဖြေမတောင်နဲ့ ကျတော်ပေးချင်တဲ့အချိန်ကျမှပေးမှာပေါ့" ( နေဗဟို )ခေါ် (ကိုလူရို) "ဟာ မရဘူး ကျူပ်က ဆရာလေးကို 1ရက်အချိန်ပေးထားတာလေး ခုပေးမပေးရင် ကျူပ်ခိုးပြေးမှာ" ...