"အသက် ကိုယ်တို့သွားရအောင် "
"ဟင် အွန်း အ့!"
ဆိုပြီး ကောင်းထလိုက်တော့ ခါးအောက်ပိုင်းဆီက နာကျင်မှုက အတိုင်မသိပင် ။
"အသက်အရမ်းတော့မနာဘူးမလား အဟဲ "
"ခင်ဗျားဟာကြီးကြီးက ကျတော်ကို နာလားမနာလား စဉ်းစား "
ကောင်းစကားကို ဘုဆက်ဆက်နဲ့ပြောလိုက်တော့ လူရို ရှိသမျှသွားအကုန်ဖြီးပြပြီး ။
"အဟဲ လာပါ မောင်ပိုးမယ်လာ ကြောပေါ်တက် ပြီးရင် လယ်ရှင်တွေလာတော့မှာအဲ့ကြမှ တဲပြိုရတဲ့အကြောင်းရင်းလေးမေးမှ အခတ်တွေ့နေမယ်နော် အသက်"
"အကုန် ခင်ဗျားကြောင့်ဖစ်တာအဟင့်"
"ဟုတ်ပါပြီး မောင်ဘဲမှားတာ လာပါအသက်ရယ်"
ကောင်းလည် လူရိုကြောပေါ်ကို တက်သွားလိုက်သည်။ လူရိုလည် ကောင်းကို ပိုးပြီး အရီးတို့ ရှိတဲ့ အင်ပင်ရွာဘက်ကို ထွက်လာလိုက်သည်။
တစ်ဖက်မှာလဲ.....
"ဒီမယ် ရှင့်တဲက ပြိုနေပြီး ကိုတိုမောင် ကျမပြောပါတယ် သေချာပြန်ပြင်ဖို့ ခုကြည့်တဲပြိုပြီးကျမ တို့ ဘယ်မှာနားရမလဲ "
လယ်ရှင်မယားမှာ ထမင်းတောင်းကို ခေါင်းပေါ်ရွက်ရင် လင်ဖြစ်သူ တိုးမောင်ကို ဆူနေသည်။
"မယ်ကြော့ရယ် တဲက အကောင်းကြီးပါ ဘယ်လိုလုပ်ပြိုသွားရပါလဲ "
"ရှင့်တဲက ကောင်းရင် ပြိုစရာလား ကိုတိုးမောင်"
"မဟုတ်ပါဘူးကွာ မနေ့ကတောင် အကောင်းကြီးက တိုင်လေးတွေ ယိုင်ရုံဘဲ ဒီနေ့မှ ဘယ်လိုလုပ် တိုင်တွေက ကျိုးကုန်ရတာလဲ"
"မဟုတ်တာတွေ မကောင်းတာတွေမပြောဘဲတောလိုက်တော့ ညနေကြရင် အိမ်က ထန်းရွက်ရယ် ဝါးတိုင်တွေယူပြီး ပြန်လာပြင် နေမပူခင် ခုလယ်ထဲဆင်းရအောင် ရှင်အရင်ဆင်းချေ ကျမ ထမင်းတောင်း ဟိုနားက ကိုင်းပင်ကြားသွားထားလိုက်ဦးမယ်"
လယ်ရှင် မယ်ကြော့မှာထဘီး တစ်ဖက်စကို ဆွဲမရင် ထွက်သွားသည်။ ကျန်ခဲ့သည့် တိုမောင်မှာလည်း တဲကိုကြည့်ပြီး ခေါင်းကုတ်ဖင်ကုတိလုပ်ရင် လယ်ထဲဆင်းသွားချေသည်။
YOU ARE READING
🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀
Action( ကောင်းစက်သူ)ခေါ် (စက်သူ) "ကိုဗဟို လူကို အတင်းလိုက်ပြီး အဖြေမတောင်နဲ့ ကျတော်ပေးချင်တဲ့အချိန်ကျမှပေးမှာပေါ့" ( နေဗဟို )ခေါ် (ကိုလူရို) "ဟာ မရဘူး ကျူပ်က ဆရာလေးကို 1ရက်အချိန်ပေးထားတာလေး ခုပေးမပေးရင် ကျူပ်ခိုးပြေးမှာ" ...