"ဒေါက်! ဒေါက်!"
"ကိုလူရို ကိုလူရို "
လူရိုတစ်ယောက် အိပ်နေရင် တံခါးခေါက်သံကြားတာကြောင့် တံခါးသွားဖွင့်လိုက်သည်။
"ချပ်"
"ဆရာလေး ဘာဖစ်လို့လဲ အာ ကျုပ်နဲ့လာအိပ်တာလား လာလေးအထဲကို"
"ခဗျားနော် ပေါက်ကရတွေလျှောက်ပြောမနေနဲ့ ကျတော်အိမ်သာသွားမို့ အဖော်လိုက်ခဲ့ပေးအုံ"
"ဪ ဟုတ်ကဲ့ဗျ ၊ နေအုံ ကျုပ်မီးအိမ်သွားယူဦးမယ်"
လူရိုလည် စာပွဲပေါ်မှာတင်ထားတဲ့ မီးအိမ်ကိုယူလာလိုက်သည်။
"သွားမယ် "
"ခဗျားအပြင်မှာစောင့်နေနော်"
"ဟုတ်ကဲ့ဗျ လွတ်ကို စိတ်ပူနေတော့တာဘဲကျုပ်ဘယ်မှမသွားဘူး ဒီနေရာမှာဘဲစောင့်နေမှာလိုတာရှိရင်လှမ်းပြော "
"အွန်း ပြီးရော"
"ဆရာလေး ကျုပ်ပုံပြင်ပြောပြမယ်"
အိမ်သာထဲက ဘာစကားမှမထွက်လာချေ ၊
"အဲ့ဆိုကျုပ်ပြောပြီးနော်"
"ဟိုရှေ့ရှေ့တုန်းက ဆရာလေးဆိုတဲ့ ကောင်လေးနဲ့ လူရိုဆိုတဲ့ကောင်လေးရှိသတဲ့ ၊ လူရိုက ဆရာလေးဆိုတဲ့ကောင်လေးကို အသဲခိုက်မတက်ချစ်သတဲ့ ၊ ဆရာလေးဆိုတဲ့ကောင်လေးကတော့ မျက်ကွယ်ပြုနေပြီး ၊ လူရိုဆိုတဲ့ကောင်လေးသူ့အပေါ်ထားတဲ့အချစ်ကိုမျက်ကွယ်ပြုသတဲ့ ၊ လူရို"
"ခဗျားတောတော့ ၊ ဘာပုံပြင်ကြီးလဲမကြိုက်ဘူး"ဆိုပြီး
အိမ်သာထဲကထွက်လာပြီးရှေ့ကနေသုတ်သုတ်နဲ့ ထွက်သွားသည်။
ဘယ်နှယ့် အကောင်းမှတ်လို့ နားထောင်နေတာ ပြီးမှသူက ကို့ငါးချဥ်ကိုယ်ချဥ်နေတာ
တကယ့်လူ သူ့ကောင်းကြောင်းဆို နူတ်ကထွက်ဖို့ အမြဲစောင့်နေတာ ၊ သူ့မကောင်းကြောင်းဆိုရင်တော့ ပြောမယ့်လူရဲ့နူတ်ကိုတောင်ပိတ်မယ့်လူမျိုး ၊ဒါပေမဲ့ ကိုယ်နဲ့ကလွဲပြီးကျန်တဲ့လူနဲ့ဆို အရမ်းကြီးသိသိသာသာ မပြောတာက တစ်မျိုးဘဲ။"အာ မြန်တာ အိမ်သာတက်တာမဟုတ်ဘူးပေါ့ ၊ ဆရာလေး ကျုပ်ကို စောင့်အုံ!! "
YOU ARE READING
🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀
Action( ကောင်းစက်သူ)ခေါ် (စက်သူ) "ကိုဗဟို လူကို အတင်းလိုက်ပြီး အဖြေမတောင်နဲ့ ကျတော်ပေးချင်တဲ့အချိန်ကျမှပေးမှာပေါ့" ( နေဗဟို )ခေါ် (ကိုလူရို) "ဟာ မရဘူး ကျူပ်က ဆရာလေးကို 1ရက်အချိန်ပေးထားတာလေး ခုပေးမပေးရင် ကျူပ်ခိုးပြေးမှာ" ...