"မြေးရေ! ထပါအုံကွယ် မြေး!"
ကောင်းစက်သူအိပ်နေတုန်း မနက်စောစောစီးအဖွားလာနိူးတာကြောင့် မဖွင့်ချင်သေတဲ့ မျက်လုံးများကို ပွတ်သပ်ပြီး အိပ်ယာမှကုန်းထလာလိုက်သည်။
"အဖွား ဘာဖစ်လို့လဲ"
"မင်းဒေါ်လေး မတွေ့လို့ "
"ဪ အဖွား၊ ဗျာ! ဒေါ်လေးမတွေ့တော့လို့ဟုလား"
'ဒေါ်လေး မတွေ့တော့ဘူး'ဆိုတဲ့စကားကြောင့် အိပ်ချင်တောင်ပြေသွားသည်။
"ဟုတ်တယ်"
"အဲ့ဆို ဒေါ်လေးက ဘယ်သွားကိုသွားတာလဲ"
" မသိဘူးလေ မြေးရယ် ဒါနဲ့ နေပါအုံ မဟုတ်မှလွဲရော လင်နောက်လိုက်ပြေးသွားတာလား"
"အာ ဖွားဖွားကလည် ဒေါ်လေးမှာ ရှိတယ်လို့တောင် အသံတောင်မကြားဘူး ဘယ်လိုလုပ် လင်နောက်လိုက်မှာလဲ မဟုတ်တာ"
"ဟယ် ဟုတ်ပါတယ်ဆိုမှဘဲ အဲ့ကမ လင်နောက်လိုက်သွားတာ
သေချာသပါ့ ရှိနေပြီး ညထဲက အပြင်ထွက်လိုက် အခန်းထဲပြန်ဝင်လိုက်နဲ့ ညကလည် ငါ့ကို ကောင်းကောင်းဆက်ဆံနေတာ ဟုတ်ပြီး လူရိုအိမ်ကိုသွားရမယ်""အာ ဖွားဖွားကလည် မဖစ်နိုင်တာ၊ဒါနဲ့ ကိုလူရိုက ဒေါ်လေးကို ခိုးသွားတာလား "
"မဟုတ်ဘူးမြေးရေ အဲ့လူရိုက မိန်းမလိုက်ခိုးပေးတာ ရွာထဲမှာ သူလိုက်ခိုးပေးတဲ့လူတွေက ရေတွက်လို့တောင်မရဘူး၊ 8နှစ်အရွယ်လောက်က အဖော်လိုက်တယ် လူပျိုပေါက်အရွယ်ကြတော့ သူကိုယ်တိုင် လိုက်ခိုးပေးတယ် "
"အာ အဲ့လိုလား "
"သွားမယ် ခုချက်ချင်းသူ့အိမ်ကိုသွားရမယ်"
"ဖွားရယ် မြေးမျက်နှာ"
စကားတောင်မဆုံးသေဘဲ အိမ်အောက်ကိုဆင်းပြီး အိမ်အပြင်ကို ထွက်သွားတဲ့ အဖွားကို
"အဖွား သားလိုက်ခဲ့မယ်!!"
ဆိုပြီး မျက်နှာတောင်မသစ်ရသေးဘဲ အဖွားနောက်ကိုအမှီလိုက်သွားရသည်။
"လူရို ! ဟဲ့ နေဗဟို!"
"ဗျို့"
*ဟာ အခြေအနေမကောင်းဘူးထင်တယ်။
ကျုပ်နာမည်အရင်းတောင်ခေါ်ပြီး အော်ခေါ်နေတာဆိုတော့၊ဟိုလင်မယားကတော့ ခုချိန်သာယာနေလောက်ပြီး၊ဒီက ကျုပ်ကတော့ဖွားမေ အပြောနဲ့ တိုပြီး လွတ်ကိုဆိုတော့မှာဖွားမေက*

VOUS LISEZ
🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀
Action( ကောင်းစက်သူ)ခေါ် (စက်သူ) "ကိုဗဟို လူကို အတင်းလိုက်ပြီး အဖြေမတောင်နဲ့ ကျတော်ပေးချင်တဲ့အချိန်ကျမှပေးမှာပေါ့" ( နေဗဟို )ခေါ် (ကိုလူရို) "ဟာ မရဘူး ကျူပ်က ဆရာလေးကို 1ရက်အချိန်ပေးထားတာလေး ခုပေးမပေးရင် ကျူပ်ခိုးပြေးမှာ" ...