23 (U)

800 25 1
                                    

လူရိုတို့ ကောင်းတို့ အိမ်ကို ဘုန်းကြီး ဆွမ်းခံချိန်ရောက်သွားသည်။ ကောင်းတို့ အိမ်ရှေ့ရောက်တော့ အိမ်ရှေ့ ကွင်းပစ်ပေါ်မှာ မုန့်ကျွဲသဲစားနေတဲ့ ကလေးတစ်စုကို တွေ့သည်။ ထိုကလေးတွေက ကောင်းလည်း‌မြင်ရော မုန့်တွေ လက်မှာ ကိုင်ရင်ပြုံးပြ‌သည်။ ထိုအပြုံးလေးတွေက ဖြူစင်ခြင်းအတိပါ ။

လူကြီးတွေလည်း လှည်းပေါ်က ဆင်း‌ေတာ့ကောင်းတို့လည်း လှည်းပေါ်က ဆင်းကြသည်။ ပြီးနောက် အိမ်ထဲကို လူကြီးတွေနဲ့အတူဝင်လာပြီး ဧည့်ခန်းမှာထိုင်နေကြသည်။ ပြီးနောက် ကောင်းကို လာအပ်ကြောင်းပြောပြီး တင်တောင်တဲ့ ငွေပမာဏနဲ့ အခြားပိုင်ပစ်စည် လယ်ယာတွေပါ တင်တောင်ကြောင်းပြောပြသည်။ ပြီးနောက် နေ့ကောင်းရက်သာရွှေးပြီး မဂ်လာရက်ကို အစောဆုံး စီစဉ်လိုက်သည်။

အကုန်လုံးပြောဆိုပြီးတဲ့ အချိန်ကြတော့ ရပ်မိရပ်ဖလူကြီးတွေလည်း ပြန်သွားကြသည်။

"သား သားက ဘယ်ကို ပြန်လိုက်နေတာလဲ"

လူရိုပြန်တော့ ကောင်းက လိုက်ဖို့ပြင်နေတာကြောင့် ဒေါ်စံပယ်မေးလိုက်သည်။

"ဟို...."

"ကျတော်အိမ်ခေါ်သွားမို့ပါဗျ ဖွားမေ
ကျတော်ခေါ်သွားမယ်နော်"

ခေါင်းရင်းခန်းမှာ ထိုင်နေတဲ့ ဖွားမေကို လူရိုလှမ်းပြောလိုက်သည်။ အသက်အမေကို ပြောလျှင်ရမည်မဟုတ်တာကြောင့် ဖွားမေကိုသာ အားကိုးလိုက်သည်။

" အေအေ ခေါ်သွားရေ "

ဖွားမေက ခပ်အေးအေးပင်ပြန်ပြောသည် ။

"အမေ"

"ဘာလဲ !"

"သားတို့သွားပြီး ဖွားမေ"

လူရိုလည်းကောင်းကို မြန်မြန်လက်ဆွဲပြီး အမြန်ပင်ထွက်လာလိုက်သည်။

"မောင်ရယ် ဖြည်းဖြည်းသွားလည်း ရရဲ့သာနဲ့"

အိမ်ပေါ်က အမြန်ဆင်းလာတဲ့ လူရိုကို အပြင်ရောက်ပြီး အိမ်နဲ့ နည်းနည်းလှမ်းတဲ့ အချိန်ရောက်မှ ကောင်းပြောလိုက်သည်။

"မရပါဘူး တောကြာ ဖွားမေ စိတ်ပြောင်းသွားမှဖြင့် ဖွားမေက စိတ်အပြောင်းအလဲက မြန်သာနဲ့ "

🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀Opowieści tętniące życiem. Odkryj je teraz