21 (U)

803 32 3
                                    

"ပြောပါအုံ ဘာလို့ လိုက်လာတာလဲ!"

ကောင်းကိုင်ထားတဲ့ ထမင်းချိုင့်ကို လူရိုဆွဲယူပြီး အသံမာမာနဲ့ ပြောလိုက်သည်။ ဘေးက အရီးကလည်း အလိုက်သင့် လယ်ထဲကို ဆင်းသွားသည်။

"လိုက်ချင်လို့ပေါ့ လာမအော်နဲ့နော် မောင် ! အသက်လည် ယောကျာ်းလေးဘဲ မောင့်လိုမျိုးလုပ်နိုင်တယ် အထင်မသေးနဲ့ မကြိုက်ဘူး"

ကောင်းပြန်ပြောရင် မျက်ရည်များဝဲလာတော့ လူရိုမှာ ပျာယာခတ်သွားရပြန်သည်။
ကိုယ့်ကို မကြည့်ဘဲ ဘေးကို မျက်နှာက ချက်ချင်းလွဲသွားတော့ လူရိုပြန်ဆွဲယူပြီး ။

"ဟောဗျာ မောင်မအော်ပါဘူး အသက်ရယ် ဟိုဟာ မောင်က စိတ်ပူသွားလို့ပါ မောင်သိတာပေါ့ အသက်က မောင်တို့လို လုပ်နိုင်တယ်ဆိုတာ မောင်က စိုးရိမ်ပြီး အော်သလိုဖြစ်သွားတာပါ မောင်နောက်ခါ မအော်တော့ဘူးနော် မငိုပါနဲ့‌ကွာ"

ထိုအခါကြမှ လူရိုကို ပြန်ကြည့်လာတဲ့ ကောင်းစက်သူ။

" ဟင့် နောက်ခါ အော်ကြည့်လိုက် ချက်ချင်းကွာမှာ ခင်ဗျားကို "

"‌ဟုတ်ပါပြီးဗျာ နောက်ခါဆိုတာမရှိဘူး ခင်ဗျားတို့ ကျတော်တို့ကို ပြန်သိမ်းပါအုံ 'မောင်'လို့ ပြန်ခေါ်ပါအုံဗျာ"

"ခေါ်ဘူး "

နှုတ်ခမ်းလေးကို ပြန်ဆူပြီး ပြောတဲ့ အသက်ကို လူရိုကြည့်ပြီး အသဲက ယားလာပြန်သည်။

"ပြွတ်!"

လူရို အသက် နှုတ်ခမ်းလေးကို ဖြတ်ခနဲ နမ်းလိုက်သည်။

"မောင်!"

"အသဲယားလို့ အဲ့လိုလေဆူထားရင်"

"အရမ်းအသဲယားနေတယ်ပေါ့ ဟုလား!!"

လူရိုရဲ့ မရှိတဲ့ ဗိုက်ခေါက်ကို ကောင်းဆွဲဆိတ်လိုက်သည်။

"အား!!!နာတယ်လေ အသက်!"

လူရို ကောင်းလက်လေးကို အသာကိုင်ရင် အော်လိုက်သည်။

"နာပါလေ့စေ! အဲ့ဒါ အသဲယားချင်အုံ "

ဆိုပြီး ဆိတ်တာကို ရပ်လိုက်သည်။

"အသက်ကလည်း~~~"

"ဘာမှ အသက်မနေနဲ့ လုပ်သမားတွေ ပြန်တက်လာပြီး ဖယ်တော့ "

🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀Donde viven las historias. Descúbrelo ahora