"မောင် စားလို့ ကောင်းလား အဆင်မပြေရင်ပြောနော် အသက် ပြန်ပြင်ပေးမယ် "
"ကောင်းတယ် အရမ်းဘဲ အရီးတောင် ဒီလောက်မကောင်းဘူး အသက်ချက်ထားတာ တော်တော်ကောင်းတယ် "
ဟင်းခပ်ထည့်ရင် ပြုံးပြုံးရွှင်ရွှင်ပြန်ပြောလာတဲ့ မောင့် ကျတော်စိတ်ထဲ ပီတီဖြစ်မိပြန်သည်။
"မောင့်ဟာလေ အရီးသာ မောင်ပြောတဲ့စကားကြားရင် 'တောတောထိန်းရကျိုးနပ်တဲ့ တူ' ဆိုပြီးပြောနေမယ် "
"အဟား ပြောတော့လည်း ပြောပေါ့ အသက်ကလည်း မောင့်က မှန်တာပြောတာဘဲကို"
" မောင်ဟာလေ~~~"
ကောင်းလူရိုကို ရယ်ဆွက်ဆွက်အသံနဲ့ဆိုရင် ထမင်းစားဆက်လိုက်သည်။
"ဒါနဲ့ မောင် မနက်ဖြန် ထင်းသွားခုတ်ဦးမယ် ရွာအနောက်ဖက်တောဆိုတော့ ဝေးတယ်
အဲ့ဒါကြောင့် ထမင်းထုပ်နဲ့ နေမထွက်ခင် သွားရမယ် ""အွန်း အွန်း အသက် ထချက်ပေးမယ် "
"အွန်း အသက်"
ကောင်းနဲ့ လူရိုလည်း စကားကို ရပ်လိုက်ပြီး ထမင်းကိုသာ စားနေကြသည်။
>>>>>>
"မောင်ရေ ထမင်းထုတ် ပြင်ပြီးပြီ!"
"အွန်းအွန်း အသက် မောင်နွားတွေ ရေတိုက်ဦးမယ် "
"အွန်းအွန်း"
လူရိုးလည်း တင်းကုပ်ထဲက နွားနှစ်ကောင်ကို ဆွဲလာပြီး နောက်ဖေကန်ထဲ ရေတိုက်ပြီး အိမ်ရှေ့က လှည်းမှာ နွားနှစ်ကောင်ကို တက်လိုက်သည်။ပြီးနောက် လှည်းပေါ်ကို တက်လိုက်ပြီး အိမ်ပေါ်က ကောင်းကို လှမ်းအော်ခေါ်လိုက်သည်။
"မောင်ပြီးပြီ!"
"လာပြီး မောင်ရေ!"
လှည်းနားကို ထမင်းချိုင့်ရယ် ဝါးဆစ်ဗူးရေဗူးရယ် ယူပြီး ပြေးလာတဲ့ကောင်းကို ကြည့်ပြီး လူရို ချစ်မဝဖြစ်ရသည်။
'တကယ့် အိမ်ရှင်လေးပါကွာ'"ရော့ မောင်"
"အွန်းအွန်း"
ကောင်းလက်ထဲက ထမင်းချိုင့်နဲ့ ရေဗူးကို ယူပြီး လယ်တိုင်မှာ ချိတ်လိုက်သည်။

YOU ARE READING
🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀
Action( ကောင်းစက်သူ)ခေါ် (စက်သူ) "ကိုဗဟို လူကို အတင်းလိုက်ပြီး အဖြေမတောင်နဲ့ ကျတော်ပေးချင်တဲ့အချိန်ကျမှပေးမှာပေါ့" ( နေဗဟို )ခေါ် (ကိုလူရို) "ဟာ မရဘူး ကျူပ်က ဆရာလေးကို 1ရက်အချိန်ပေးထားတာလေး ခုပေးမပေးရင် ကျူပ်ခိုးပြေးမှာ" ...