"ဟက် လူရို ငါ့မြေးကို ဂရုစိုက်နော် အပြင်တွေဘဲ ထွက်မနေနဲ့ "
လူရို မြေးကိုဂရုစိုက်တာ သိပေမဲ့ ကိုယ့်မြေးကို ပိုပြီး ဂရုစိုက်အောင် ထပ်ခါပြောရမည်။
"အဟား ဖွားမေးရယ် ကျုပ်က ရင်အုပ်မခွာ စောင့်ရှောက်မှာပါ "
ဆိုပြီး ဘေးက ကျုပ်အသက်လေးကို ကြည့်ပြီးပြောလိုက်သည် ၊ ကျုပ်ရဲ့ လူကြီးကလေးလေးက ပုဆိုးလေးနဲ့ အဟက် ကျုပ်မှာ ဖျစ်ညစ်ပြီး ကိုက်ဆွဲပစ်ချင်တာ ။
"မြေးက ကလေးမဟုတ်ပါဘူး အဖွားရယ် မြေးဘာသာ စောင့်ရှောက်နိုင်တယ် ကိုလူရိုမလိုပါဘူး သူ့ကို သူ့အိမ်ပြန်နေခိုင်လည်းရတယ်အဖွား "
"မရပါဘူး ! "
လူရိုမှာ အိမ်ပေါ်က ဆင်းရမည့် ကိန်းကို မဆိုက်ချင်တာကြောင့် အမြန်ပင် ဆိုလိုက်မိသည်။
"ဟက် လူရို ဘာဖစ်တာတုန်း ၊ ထအော်လိုက်တာ "
" ကျုပ်ပြောပြီးပြီနော် ကျုပ်ဆရာလေးနားက မခွာဘူး ရွာထဲက လုံမတွေက သိပ့်ယုံရတာမဟုတ်ဘူး ၊ ပြီးတော့ ဘေးက ခြံက သရဲမကိုလည်း ဆရာလေးမကြောက်ဘူးလား ၊ ထမင်းရောဘယ်သူချက်ပေးမလဲ ၊ ဟင်းရောဘယ်သူချက်ပေးမလဲ ၊ ရေရောဘယ်သူခပ်ပေးမလဲ ၊ နွားတွေရောဘယ်သူအစားကျွေးမလဲ လယ်ထဲရောဘယ်သူသွားမလဲ ၊ပြီးတော့ "
ဘေးနားက တစ်ပေါက်ပေါက်နဲ့ပြောနေတဲ့ကိုလူရိုကို ကောင်းစက်သူ စိတ်မကြည်တော့ချေ ဘယ်နှယ့် သူ့အစားငှက်မည့်အရေးကြတော့သိသာ ၊ လုံမတွေက မယုံရဘူးဟုသလား၊ သူကသာ သူများကို အမြဲတမ်း တက်အုပ်ချင်နေတာ အဖွားရှိနေလို့ ၊ ခုအဖွားလည်း မရှိတော့ဘူးဆိုတော့ ဒင်အတွက် ရေကန်အသင့်ကြာအသင့်ဖြစ်နေပြီး။
"အေးပါဟယ် နင့်ကို အိမ်ပေါ်က မဆင်းခိုင်ပါဘူးဟဲ့ ဟုတ်ပြီးလား ၊ ငါ့မြေးကို နင့်လက်ထဲအပ်ခဲ့ပြီး ၊ ကယ်နင်တို့လည် ပြန်တော့ ငါလည် ဘုန်းဘုန်းဆီသွားတော့မယ် လိုက်ဦးမလား "
"ရတယ် ကျုပ်မလိုက်တော့ဘူး ဆရာလေးပြန်ရအောင် ၊ ဪဒါနဲ့ ဖွားမေ 1လထက် ပိုနေလည်းရတယ်နော် "
ဆိုပြီး ဆရာလေးလက်ကိုဆွဲရင် ပြန်လာလိုက်သည်။
ကျုပ်ဆွဲလာတာကို အတင်းရုန်းနေတဲ့ အသက်ကိုလည် ကျုပ်ခြောက်လိုက်မှ ငြိမ်သွားတော့သည် ၊ ပြောလိုက်တာက
YOU ARE READING
🍀ကျတော်ချစ်ရတဲ့ဆရာလေး🍀
Action( ကောင်းစက်သူ)ခေါ် (စက်သူ) "ကိုဗဟို လူကို အတင်းလိုက်ပြီး အဖြေမတောင်နဲ့ ကျတော်ပေးချင်တဲ့အချိန်ကျမှပေးမှာပေါ့" ( နေဗဟို )ခေါ် (ကိုလူရို) "ဟာ မရဘူး ကျူပ်က ဆရာလေးကို 1ရက်အချိန်ပေးထားတာလေး ခုပေးမပေးရင် ကျူပ်ခိုးပြေးမှာ" ...