အပိုင်း(2)🍓🍓🍓🍓
လိပ်စာမှာပါတဲ့ တစ်ထပ်တိုက်
ပုပုလေးအရှေ့ကို ကားထိုးရပ်လိုက်ပြီး နေကာ မျက်မှန်ကို ချွတ်ပြီး ပြောင်လက်နေသော ကားပေါ်မှ ဆင်းကာတံခါးဖွင့်ထား
သော ခြံဝန်းလေးထဲကို ဝင်လာခဲ့လိုက်သည်။ခြံထဲ ဝင်ဝင်ခြင်း သစ်ပင်ရိပ်
လေးအောက်မှာ...အရုပ်တွေနဲ့
ထိုင်ဆော့နေသော ကြက်တောင်စည်းလေးနှစ်ဖက်ခွဲစည်းထားသော ချစ်စရာ
ကလေးငယ်လေးတစ်ဦး ။တစ်ယောက်ထည်းတွေ့တာကြောင့် ဘေးပတ်ဝန်း
ကျင်ကိုဝေ့ကြည့်လိုက်တော့
တစ်ယောက်မှ မတွေ့။ တော်ဝင် စိတ်ထဲ အနည်းငယ်တင်းသွား၍..
"တောက်..! တော်တော်ကောင်းတဲ့ အဒေါ်
ကလေးတစ်ယောက်ထဲကို
ခြံထဲမှာ လွတ်ထားတာပဲ...''သူနှုတ်ခမ်းတွန့်ရုံပြုံးလိုက်ကာ
သူမလေးအနားကို လျှောက်သွား
လိုက်ချိန် သူ့အားမျက်ဝန်းလေးဝိုင်းကာကြည့်လာသော ကလေးကြောင့်..မျက်ခုံးတွေပင့်
တက်သွားရသည်။ကလေးလေးက သူနဲ့ သွားဆင်နေသည်
မဟုတ်လား။ သူ့အား ပြုံးပြနေသော
သူမလေးအား ခပ်ငေးငေးလေးကြည့်နေမိ၍ နာကျင်စွာမဲ့လိုက်မိသည်။"မမက...ကျွန်တော့ကို အဲ့ဒီလောက့
ချစ်ရှာတာလား..."ကလေးအရှေ့မှာ ဒူးထောက်ထိုင်
လိုက်ချိန်...သူမလေးက သူ့ကို မျက်ဝန်း
ဝိုင်းဝိုင်းလေးတွေနှင့် ချစ်စဖွယ်ကြည့်ကာ..."ဖေဖေ..."
မပီကလာပီကလာလေးနဲ့ ခေါ်လိုက်သော
အသံလေးကြောင့် တော်ဝင်
ပြုံးမိသွားကာ...ဝတုတ်တုတ်ကိုယ်
လုံးလေးကို ကောက်ချီလိုက်မိသည်။သွေးကစကားပြောတယ်ထင်ပါရဲ့ သူ့က်ို
စိမ်းမနေတဲ့အပြင် ခေါ်လိုက်တာ ဖေဖေတဲ့လား။တော်ဝင် ခပ်ယဲ့ယဲ့ပြုံးလိုက်၍...
"ဦးဦးက..သမီးရဲ့ ဖေဖေမဟုတ်ဘူး...
ဦးဦးလို့ခေါ်ကြည့်ပါကွ.."သူပြောတာကို သူမလေးက နားလည်
သယောင် မျက်တောင်ရှည်ကြီးတွေကို
တဖြတ်ဖြတ်ခက်၍ သူ့မျက်နှာအား
စူးစိုက်ကြည့်နေပြီး...