အပိုင်း (22)

13.6K 400 4
                                    

အပိုင်း (22)🍑🍑🍑🍑🍑

"ရှေး မောင့်ကို အင်္ကျီ ရွေးပေးအုံး.."

တော်ဝင် ရေချိုးခန်းထဲကနေ လှမ်းပြောတော့
ရှေး သူ့ကိုပြန်မပြောချင်တော့တာ
ကြောင့် ဗီဒိုအနားသွားကာ သူ့အတွက်
လိုက်မဲ့ အင်္ကျီ ရွေးပေးနေလိုက်သည်။

ထိုအချိန်  သူအနား
ရောက်လာကာ  အနောက်ကနေ သူမ ခါးလေးကို ဖက်ကာ  ဆံပင်လေးတွေ လိုက်နမ်း
နေတာကြောင့် ရှေး မျက်နှာလေးတွေရဲနေကာ...

"အို..တော်ဝင် မင်းငါ့ကို အဲ့ဒီလိုကြီး
မဖက်နဲ့ ငါမနေတက်ဘူး...

သူ့မှာ ရေလဲ တဘက်တစ်ခုထည်း
ဝတ်ထားတာကြောင့် သူ့ကို ပြောနေသော ရှေးအသံလေးမှာ တုန်နေတာတော့အမှန်။

သူမရဲ့ ရှက်နေသော ပုံစံလေးကြောင့်
တောင်ဝင် ပြုံးလိုက်ရင်း...

"ရှေးကလည်း မောင်တို့က လင်မယား
တွေ ဖြစ်နေပြီ ဘာရှက်နေသေး
တာလဲ မောင်ဆို မရှက်တော့တာကို.. "

"အို...မင်းကဘယ်တုန်းက အရှက်ရှိလို့
လည်း...ဖယ် ငါ သမီးဆီ သွားမလို့..."

"ရှေးနော် မောင့်ကို မင်းတွေ ငါတွေနဲ့
ပြောနေတာ နားထောင်ကောင်းတယ်လို့
ထင်နေတာလား..."

ရှေး သူမကို အနောက်ကနေ ဖက်ထားတာ
လှုပ်မရသဖြင့် နှုတ်ခမ်းလေးကိုက်ကာ
သူမ မျက်နှာလေးအနား သူ့အနမ်းတွေ
ရောက်လာတော့ရှောင်လိုက်ရင်း...

"ငါ..အရင်ထဲက မင်းကို ဒီလိုပဲ ပြောနေတာပဲ..."

တော်ဝင် သူအနမ်းတွေကိုရှောင်နေတဲ့
သူမကြောင့် သူ ခပ်ညစ်ညစ်ပြုံးလိုက်ကာ..

"ရှေး..အရင်တုန်းကနဲ့ အခုနဲ့က တူမလား
မောင်က အခုမင်းယောကျာ်းဖြစ်နေပြီလေ..."

"အို..မသိဘူး..ဖယ်..သမီးဆီသွားမလို့..."

"မဖယ်ဘူးဗျာ..မောင်လို့ မခေါ်မချင်း
ဒီအတ်ိုင်းဖက်ထားပြီး နမ်းနေမှာ..."

"အို..တော်ဝင် မင်းတော်တော်ဆိုးပါလား..
ငါ..ငါမှ မခေါ်ရဲတာ...''

ရှေး မျက်နှာလေးရဲကာပြောတော့
တော်ဝင် သူမ ဆံပင်လေးတွေ နမ်းနေပြီး
ပါးလေးကိုပါ လှမ်းနမ်းလိုက်ကာ..

မင်းမှ လွဲ၍❤❤ (Complete) Unicode to Zawgyi Where stories live. Discover now