အပိုင်း(3)🍓🍓🍓🍓
ညနေရောက်သော်လဲ ....ထိုကိုယ်
တော်ကမပြန်သေးတာကြောင့် ...
ချက်ပြုတ်ကျွေးရန်...စျေးခြင်း
တောင်းလေးကိုင်ကာ...စျေးသွားရန် ထွက်ရန်ပြင်ချိန် အိမ်ရှေ့အခန်းမှာ သမီးလေး
ကို ထိန်းနေသော သူ့ကြောင့် မျက်စောင်း
လေးထိုးလိုက်မိသည်။သူ့ကိုမြင်တာနဲ့ရှေ့ အလိုလိုနေရင်း
အမြင်ကပ်နေမိသည်။မနက်ကလဲ ကြည့်အုံး...
သူ့အိမ်လိုက်နေရမယ်တဲ့..
ရှေးက အိမ်ရှိရဲ့ သားနဲ့ ဘာလို့
လိုက်နေရမှာလဲ....ရှေးမျက်နှာ
လေးမဲ့လိုက်ကာ..သူကြည့်နေတာ
တွေ့တော့ မျက်နှာလေးပြင်လိုက်၍....
သူ့ကို ခပ်တည်တည်လေးကြည့်ကာ...
စျေးသွားရန်..အိမ်အဝကို ထွက်ခဲ့လိုက်သည်။"ဟေ့..ဒီမှာ..ခင်ဗျာ..ဘယ်သွား
မလို့လဲ..."ရှေးသူ့ရဲ့ အမြင်ကပ်ဖွယ်အသံကြောင့် မကျေမနပ် လှည့်ကြည့်လိုက်ကာ.
"ဒီမှာ...မင်း..ငါ့နာမည်..ခင်ဗျာ..မဟုတ်ဘူး..
ရှေးဆန်သူ..."တော်ဝင်..မျက်နှာလေးမဲ့လိုက်ကာ..
သမီးလေးကို ချီ၍...သူမအနား
လျှောက်လာလိုက်သည်။"ကျွန်တော်နာမည်ကလဲ..မင်းမဟုတ်ဘူး..
တော်ဝင်ဂုဏ်..."သူ့ရဲ့ ခပ်ထေထေအပြောကြောင့် ရှေး
ဆွဲခြင်းလေးကိုင်ထားကာ မျက်နှာလေး
တင်းလိုက်မိသည်။ဒီလူနှင့် သူမပြိုင်မပြောချင်တော့
မဟုတ်ရင်မိန်းမလိုမိန်းမရ ကပ်ကပ်လန်
ရန်ပြန်တွေ့တာ ခံနေရအုံးမည်။"ဘာလည်း..ဘာပြောမှာလဲ...
မြန်မြန်ပြော...တို့စျေးသွားမလို့..."စျေးသွားတာ မြန်မာဝမ်းဆက်
ကြက်သွေးရောင်လေးကို ချပ်ရပ်နေအောင်ဝတ်ဆင်ထားပြီး...ကျောလည်လောက်ရှိသောဆံပင်လေးကို
အနောက်မှာစုစည်းထားကာ
မျက်နှာလေးမှာလဲ..ဝင်းဝင်းစက်စက်လေးလှပနေသော သူမကို
မျက်မှောင်ကြီးကုတ်ကာ.. သေချာကြည့်၍
စိတ်ထဲအလိုမကျစွာ.."ခင်ဗျာ...စျေးသွားမှာလား...အလှသွားပြ
မှာလား..""ဘာပြောတယ်..."
သူ့အား ဒေါသမျက်ဝန်းလေးနဲ့ ကြည့်
လာသော သူမအား တော်ဝင်..ကလေးချီ
ထားရင်းနဲ့ သူမကိုယ်လုံးလေးအားအပေါ်အောက် မျက်ခုံးပင့်ကြည့်ကာ...