အပိုင်း(7)🍓🍓🍓🍓
တော်ဝင်....တူမဖြစ်သူအား
ကလေးထိန်းတဲ့ Nures
ကိုပေးလိုက်၍...အဘွားကို သူနဲ့သူမ
တစ်ဖက်ဆီကူတွဲကာ...ထမင်းစားခန်းထဲ
ဝင်လာလိုက်သည်။ထိုအချိန် တွေ့လိုက်ရတဲ့ သူကြောင့်
တော်ဝင်မျက်နှာမှာ မျက်မှောင်ကုတ်သွား၍
မျက်နှာပေါ် အလိုမကျမှုအား မြင်သာအောင်
နေလိုက်သည်။အဘွားကို ထိပ်ဆုံးထိုင်
ခုံမှာထိုင်ခိုင်းပြီ သူ သူမလက်ကလေး
ကို ဆွဲကာ..ခုံဆွဲပေးပြီး သူ့ဘေးမှာ
ထိုင်စေလိုက်သည်။"ထိုင်... ဒီမှာ..."
သူ့ကြောင့် ရှေး ကြောင်အအလေးထိုင်လိုက်မိသည်။
မေမေနဲ့ မြတ်သစ္စာ
မျက်နှာပျက်နေတာကို တော်ဝင် ဂရုမစိုက်
စွာ..သူမလေးကို သူကိုယ်တိုင် ပန်ကန်
ထဲ ထမင်းထည့်ပေးကါ..."ရော့..စားမိန်းမ..များများစား..
ဒီမှာအားနာရမဲ့ သူဘယ်သူမှ
မရှိဘူး...ဒါ မိန်းမအိမ်ပဲ ကြားလား...''မြေးရဲ့ အခုလို ပုံစံကို မမြင်ဖူးတာကြောင့်
ဒေါ်နန်းမဟာ..အံသြကာ ခဏအကြာ ပြုံးလိုက်မိသည်။သမီးဖြစ်သူကိုကြည့်တော့လဲ
မျက်နှာမှာပျက်ကာနေသောကြောင့်...ဒေါ်နန်းမဟာ..
ခေါင်းလေးသာ..ခါပြီး ပြုံးလိုက်မိသည်။တွေ့ကြပြီပေါ့..သားအမိနှစ်ယောက်
တစ်ယောက်ကလည်းခေါင်းမာ..တစ်ယောက်
ကလည်း..သူမှန်တယ်ထင်ရင်..ဘယ်သူကိုမှ
ဂရုမစိုက်တက်တဲ့သား။"ဒါလေးစား ရှေး ခင်ဗျား
များများစားရမယ်..."မခွန့်ပေးယုံတစ်မယ်.ကြင်နာပြကာ..
ကျွေးနေသော သူ့ကြောင့်
ရှေးမနေတက်စွာ...ခုံအောက်ကနေ
သူ့ခြေထောက်ကို အမြင်ကပ်စွာ
ကန်လိုက်မိသည်။"အာ့..."
"ဟင်..မြေးလေး..ဘာဖြစ်တာလဲ.."
တော်ဝင်အား စိုးရိမ်တကြီးမေးလာသော
အဘွားကြောင့် တော်ဝင်ပြုံးလိုက်၍
ခေါင်းခါပြကာ...ကိုယ်အားပြန်မတ်လိုက်သည်။"သား..ဘာဖြစ်တာလဲ..."
"ကိုကို..ဘာဖြစ်တာလဲ.."