အပိုင်း(23)

11.3K 401 2
                                    

အပိုင်း (23)🍊🍊🍊🍊🍊

ရှေး မျက်လုံးပြူးကာသူနဲ့
သမီးကို ကြည့်ပြီး မျက်စောင်း
ထိုးလိုက်မိသည်။

ဖြစ်နေတဲ့ ရုပ်ကလေးတွေက
မျက်နှာငယ်လေးတွေဖြင့် သမီးကလဲ
သူ့အဖေပြောတဲ့အတိုင်း ငိုမဲ့မဲ့လေး
ပုံစံလေး လုပ်ထားတာကို ရှေး ကြည့်ရင်း
ရယ်ချင်နေတာကို မနည်းတည်ထားရသည်။

ဒေါ်ငြိမ်းသူ အခြေအနေကို သဘော
ပေါက်သွားကာ..

"သားတော်ဝင်...ဒါက ဒေါ်လေးတို့နဲ့
ဆွေမျိုးတော်တဲ့ ဒေါ်လေးရဲ့ တူ
ဝမ်းကွဲပါ..သမီးရှေးလေးနဲ့လဲ
ဝမ်းကွဲတွေပေါ့.."

ထိုတော့မှ တော်ဝင် အရှက်ပြေရယ်
လိုက်ကာ...

"အဟွန်း..ဟုတ်ကဲ့..ဒေါ်လေး...
အထဲ ဝင်ကြလေ..မိန်းမ ဘာလုပ်နေ
တာလည်း အထဲ ကို ခေါ်လေ..."

ရှေး ချက်ချင်းပြောင်းလဲသွားသော  သူ့ပုံစံကြောင့်
မျက်စောင်းတွေကြီးထိုးပစ်ကာ...
မောင်ဖြစ်သူ လက်ကို ဆွဲကာ အိမ်ထဲ
ဝင်လာတော့သည်။

တော်ဝင် သူနဲ့ သမီးကို မျက်စောင်ထိုးကာ
ဝင်သွားတဲ့ သူမကြောင့် မျက်နှာကြီး မဲ့
ပြုံးပြုံးလိုက်ကာ...

''ပြီးမှ မောင်အကြောင်း သိရမယ်...
အဟွန်း..''

"ခစ်......"

သမီးကလည်း သူ့လို လိုက်ရယ်တော့
တော်ဝင် ငုံ့ကြည့်ကာ..

"ဝက်ပေါက်လေး ဖေဖေလိုတော့
လိုက်မပြောရဘူးနော်...''

"ကျောဘူး..ခစ်..ခစ်..."

တော်ဝင် သမီးဖြစ်သူ
အပြောကြောင့် သဘောကျ
သွားကာ ပါးလေးကို နမ်းလိုက်ရင်း...

"ဖေဖေတို့လည်း အိမ်ထဲဝင်ကြမယ်.."

"လာထိုင် တူမကြီး...အဒေါ်က
မျှော်နေတာကွဲ့..."

ဒေါ်ငြိမ်းသူ ခန်းနားလှသော
အိမ်ကြီးကို ကြည့်ပြီး ဆိုဖာ
ကြီးပေါ်ထိုင်လိုက်ကာ..

"ဟုတ်ကဲ့ပါ..အဒေါ်..ကျွန်မလည်း
တူမလေး မင်္ဂလာဆောင်ဟုတ်လို့
လာရတာ..အထိုင်အထတွေ မကောင်း
ပါဘူးရှင်..."

"အေးပေါ့လေ..အသက်အရွယ်တွေရလာ
ပြီဆိုတော့...ဒါနဲ့ သူက..."

ရှေးဘေးမှာ ထိုင်နေသော လရောင်ကို
ကြည့်ကာမေးတော့ ဒေါ်ငြိမ်းသူ
ပြုံး၍...

မင်းမှ လွဲ၍❤❤ (Complete) Unicode to Zawgyi Hikayelerin yaşadığı yer. Şimdi keşfedin