အပိုင်း (13)

12.4K 414 2
                                    

အပိုင်း (13)🍓🍓🍓🍓

ရှေး မီးဖိုထဲမှာ ဝိုင်းလုပ်ပေးကါ..
ပန်ကန်တွေဆေးနေမိသည်။

သူအခုလိုတွေ လုပ်တာမကြိုက်သော်
လည်း ရှေး သူ့ကိုအရွဲ့တိုက်စွာ...ပန်ကန်
တွေဆေးနေတာဖြစ်သည်။

ဘေးက ညိညိုနဲ့ အေးမာအပြင် အလုပ်သမား
လေးတွေမှာ မျက်နှာငယ်လေးတွေ
နဲ့ ရှေးကိုကြည့်နေတာကြောင့် ရှေးပြုံးပြ
လိုက်ကာ..

"ဘာမှ စိတ်မပူပါနဲ့ သူဘာမှမပြော
ဘူးစိတ်ချ...ရှေးဘာသာ ဝင်လုပ်ချင်
လို့ လုပ်တာပါ.."

ညိုညို တို့ မမလေးကို မျက်နှာငယ်
လေးတွေနဲ့ ခေါင်းငြိမ့်ပြချိန် အကိုလေး
ဝင်လာတာကြောင့် မျက်လုံး
လေးတွေပြူးသွားကာ..မမလေးကိုကြည့်တော့လဲ သူမတို့ကို
ကျောပေးကါ ပန်ကန်တွေဆေး
နေတာကြောင့် မျက်ဝန်းများပြူးကျယ်သွားကာ အာခေါင်တွေပင်ချောက်တက်လာတော့သည်။

သူမ မမလေးကို ပြောဖို့
အလုပ် အကိုလေးက မပြောဖို့နဲ့ သူမတို့ကို
အပြင်ဘက်ထွက်သွားရန် အချက်ပြတာ
ကြောင့် ညိုညို တို့ခေါင်းလေးငုံ့ကာ..
အသာ လှည့်ထွက်လာလိုက်သည်။

ရင်ထဲတွင်တော့ ကလိစာများပြုတ်ထွက်ကုန်သည့်အလား ထိန်လန့်နေတော့သည်။

ရှေး ပန်ကုန်တွေ  စင်ကြယ်အောင်
ထပ်ဆေးနေချိန် အနောက်ကနေ သိမ်းဖက်
ခံလိုက်ရတာကြောင့် လန့်သွားမိ၍..

"အို...မင်းဘာလုပ်တာလဲ.. "

သူမကို အခု လိုဖက်ရဲတာ သူပဲ ရှိတာကြောင့်
ရှေး လည်းပင်းလေးလိမ်က သူ့ကိုလှည့်ကြည့်လိုက်ချိန်...

"အို..တော်ဝင်..မင်းဘယ်လိုလုပ်လိုက်တာလည်း...ဖယ်..."

ပါးလေးကိုပါအနမ်းခံလိုက်ရသောကြောင့်
ရှေး မျက်နှာလေးမှာထူအမ်းလာသလို
ခံစားလိုက်ရ၍ ခြေထောက်လေးများပင်
မခိူင်ချင်တော့။

"ဘာလည်း..ခင်ဗျား..ကျွန်တော်စိတ်ဆိုးနေတယ်လေ..ဒါကြောင့် ကျွန်တော့်ကို
စိတ်ဆိုးပြေအောင် လုပ်..."

ရှေးမျက်နှာလေးမဲ့လိုက်ကာ..
သူ့လက်တွေအားဖယ်ချပင်မဲ့လဲ
မလွတ်ပေးသောသူ့ကြောင့်

မင်းမှ လွဲ၍❤❤ (Complete) Unicode to Zawgyi Where stories live. Discover now