အပိုင်း (5)

14.2K 450 11
                                    

အပိုင်း (5)🍓🍓🍓🍓

"သမီးကတော့..ဒီနေ့ သားတော်ဝင်
ပြန်ရောက်မယ်ဆိုလို့..တက်ကြွနေတာ
မမနန်းရေ..."

လင်းအပြောကို ဒေါ်နန်းတော်ဝင် သဘော
ကျစွာပြုံးလိုက်၍...

"သမီးလေးက သားအပေါ်တော်တော်
သံယောဇဉ်ရှိရှာတာပဲ...အဟွန်း..."

ထိုအချိန် မြတ်မျက်နှာလေးရဲ့ ကာ..
အန်တီးနန်းကို ကြည့်လိုက်မိသည်။

"မြတ်က ငယ်ငယ်ထဲက
ကိုကို ကိုသံယောဇဥ်ရှိတာပါနော်..
အန်တီ..."

"အဟင်း..ဟုတ်ပါပြီကွယ်..."

ဝေါ...တီ..တီ.....

ထိုအချိန် ခြံထဲကားဝင်လာသော ကား
အသံကြားတာကြောင့် အားလုံး မျက်နှာ
ဝင်းပသွားကာ...

"ဟော့...သားပြန်လာပြီထင်တယ်...
ဒီမှာခဏနေကြအုံးသလင်းတို့...
သားကိုသွားကြိုလိုက်အုံးမယ်နော်..."

ဒေါ်နန်းတော်ဝင် ခပ်ပြာပြာ
ထွက်လာလိုက်သည်။

ရှေး..သမီးလေးကို ချီထားရင်း
ကြီးမားပြီးခန်းနားထည်ဝါနေတဲ့
အိမ်ကြီးကိုရောက်ချိန် မျက်လုံးဝိုင်း
ကာ..ဘေးက သူ့ကိုကြည့်လိုက်၍...

"ဒါ..ဒါ..မင်းအိမ်လား..."

တအံတသြမေးနေသော
သူမကြောင့် တော်ဝင်ခေါင်း
ငြိမ့်ပြကာ...

"ဟုတ်တယ်..ပေးသမီးကို..ခင်ဗျား
လဲဆင်း..."

သူ ရှေးလက်ထဲက သမီးလေးကို
ပွေ့ချီသွားပြီး....ကားတံခါးဖွင့်ကာ
ဆင်းသွားတော့မှ..ရှေးအမြန် ကားတံခါး
ဖွင့်ကာ..ဆင်းလိုက်သည်။

ထိုအချိန် သူ့အနားရောက်လာသော သူမလက်ကလေးအား အသာလှမ်းကိုင်လိုက်ချိန် ရှေး
တစ်ယောက် လန့်ဖျန့်သွားကာ...

"အို..မင်းဘာလုပ်တာလဲ..."

တော်ဝင် သူမအား ခပ်တည်တည်ကြည့်၍..
ခပ်ထေထေပြုံးကာ...

"လက်ကိုင်တာလေ..ခင်ဗျား..
အိမ်ထဲရောက်ရင်..ကျွန်တော်
စကားအတိုင်းနေပေး...ခင်ဗျား
သမီးလေးကို မခွဲခြင်ဘူးဆိုရင်..."

သူ​ပြောလည်းပြော သူမလက်ကလေးကို
ဆွဲကာ...ခေါ်သွားတော့..ရှေးဘာမှ ပြန်မပြော
နိုင်ဘဲ..သူဆွဲခေါ်ရာနောက်ကို ပါလာခဲ့သည်။

မင်းမှ လွဲ၍❤❤ (Complete) Unicode to Zawgyi Where stories live. Discover now