အပိုင်း(26)

13.5K 375 9
                                    

အပိုင်း (26)🍓🍓🍓🍓

လှပစွာ ပြင်ဆင်ထားသော မွေ့ယာကုတင်ကြီး
အား တစ္ဆေတစ်ကောင်လို့ ကြည့်နေမိသည်။

ကြည့်နေရင်း ကြက်သိမ်းထလာတာကြောင့်
ရှေး ရေချိုးခန်းထဲ အမြန်ပြေးဝင်လာလိုက်သည်။

အဝတ်အစားတွေကိုလဲ၍ အမြန်ရေချ်ိုးလိုက်ပြီး..အခန်းအပြင်ထွက်လာခဲ့ချိန်...

"အမလေး..ဘုရား..မင်း..မင်း..အသံလေး
ဘာလေးပေးပါလား..."

အိပ်ယာပေါ်မှာ ထိုင်နေတဲ့သူ့ကြောင့်
ရင်ဘက်လေးအားဖိကာ
လန့်နေသောရှေး ။

တော်ဝင် သူမကြောင့်
မျက်ခုံးတွေပင့်တက်သွား၍ သဘက်လေး
ပတ်ထားသော သူမကို ဝေ့ကြည့်လိုက်သည်။

ရှေး သူ့အကြည့်များကြောင့် သတိပြန်ဝင်လာ၍ လက်ကလေးနဲ့ ဟိုကာ ဒီကာလုပ်ရင်း
မျက်နှာလေးရဲနေကာ..

"မင်း..မင်း..ဘာကြည့်တာလဲ..."

တော်ဝင် သူမကို ဘာမှ ပြန်မပြောဘဲ မျက်ဝန်းတွေမှစင်းကြည့်ကာ..

"ရှေး မောင်က ခင်ဗျား ယောကျာ်းနော်..
အဲ့ဒီလောက်လဲ အဖြစ်သည်းမနေနဲ့..
ခင်ဗျား ခန္ဓာကိုယ် ပေါ်မှာ ဘာရှိလည်းဆို
တာ ကျွန်တော်အကုန်သိတယ်...''

"အို...မင်း အရှက်မရှိတဲ့လူ..."

"ရှေး...ခင်ဗျားတော်တော်ရှက်တက်တာ
ပဲနော်..."

"မသိဘူး..မင်းအခန်းအပြင်သွားတော့.."

"ဟ...ဘယ်သွားရမှာလဲ...အချိန်လည်း
ကြည့်အုံးရှေး..."

တော်ဝင် ပြောကာ သူမအနား
ကပ်သွားလိုက်သည်။

တစ်လမ်းချင်း အနားလျှောက်လာသော သူ့ကြောင့် ရှေး တစ်ယောက်
မျက်လုံးလေးပြူးကာ..

"မင်း..မင်း..ဘာလုပ်မလို့လဲ တော်ဝင် ..."

တော်ဝင် သူမအရှေ့ကို တိုးလာ၍.
သူမရဲ့ ဝင်းမွတ်နေတဲ့ ပခုံးလေးနဲ့
လှပသော လည်တိုင်လေး ပြီးတော့
လှပသော နှုတ်ခမ်းဖူးဖူးလေး..ကို
သူတစ်ချက်ကြည့်၍ သူ့အင်္ကျီမှ ကြယ်သီး
များအား ဖြုတ်ကာနေတော့ ရှေးတစ်ယောက်
မျက်ဝန်းတွေပြူး ကျယ်ကာ...အသံလေး
တုန်ရင်စွာဖြင့်...

မင်းမှ လွဲ၍❤❤ (Complete) Unicode to Zawgyi Where stories live. Discover now