အပိုင်း (24)🍓🍓🍓🍓
"တောင်ဝင် ဖယ်...ဟင့်...ငါမင်းနဲ့မနေတော့ဘူး...ဟင့်"
တော်ဝင် သူမ ငိုတော့လည်း သူ့မှာ ပြာယာ
ခက်စွာ မျက်နှာမှာတော့ ပြုံးနေ၍..."ရှေးကလည်းဗျာ..ဘာကိုရှက်နေတာလဲ
မာမီလည်း ငယ်ရာကနေ ကြီးလာတာပဲ..
ဒါတွေတော့ သိမှာပေါ့...""အို..မသိဘူးမင်းက လွန်ကို လွန်တယ်..
အဟင့်....ဟင့်..."တော်ဝင် ငိုနေသော သူမကိုကြည့်၍
မျက်ခုံးကို လက်မနဲ့ ခြစ်ကာ မျက်နှာ
ပိုးသက်၍."နောက်တစ်ခါ ဒီမှာမနမ်းတော့ဘူး
မငိုနဲ့နော်...""ဟင့် မသိဘူး..မင်းကကတိတည်တာ
မဟုတ်ဘူး...မင်းနဲ့ ငါမနေဘူး..
ဒေါ်လေးနဲ့ ပြန်လိုက်သွားမှာ.."တော်ဝင်တစ်ယောက် မျက်နှာပျက်
သွားကာ..သူမအနားတိုးလိုက်၍ ခါးလေးကို
ဖက်လိုက်ပြီး သူမရဲ့ ကျနေသော
မျက်ရည်လေး
တွေသုတ်ပေးကါ...."မငိုနဲ့ နော်ရှေး မောင် နောက်မနမ်းတော့ဘူး
နော်..."ရှေး သူ့လက်တွေဆွဲဖယ်ကာ..
"မရဘူး..ငါဒီည ဒေါ်လေးနဲ့ သွားအိပ်မှာ.."
"ဟာဗျာ ရှေးကလည်း အဲ့ဒီလိုတော့မရဘူး
အခြားအရာပြောရင်ပြော.."ရှေးသူ့ကို ခပ်ဆက်ဆက်လေးကြည့်၍...
"ဟင့်အင်း..မရဘူး..ငါမင်းနဲ့ ညကြရင်
မအိပ်ဘူး သမီးနဲ့ သွားအိပ်မှာ .."တော်ဝင် ခေါင်းကုတ်လိုက်၍ ...
"ရှေးရာ မဟုတ်တာတွေ ဂျီမကျနဲ့..
သမီးနဲ့ရော အဒေါ်နဲ့ရော လုံးဝမအိပ်ရဘူး
မောင် နောက် ဒီမှာ မနမ်းဘူးဆို ပြီးရောပေါ့...""မသိဘူး မင်းက ကတိတည်တာ မဟုတ်
ဘူး..."တော်ဝင်သူမအပြောကြောင့် ရယ်ကျဲကျဲ
ဖြစ်သွားကာ..."ရှေး မောင့်ကိုမယုံဘူးလားပြော..."
"မယုံဘူး..."
သူမအပြောကြောင့် တော်ဝင် မျက်နှာကြီး
ရှုံ့မဲ့သွားတာအား ရှေး ငိုမဲ့မဲ့လေးဖြင့်
ကြည့်နေမိသည်။