အပိုင်း (12)
ရှေး သူမရှိတုန်း မီးဖိုးထဲ ဝင်လာလိုက်သည်။
မီးဖိုထဲ အေးမာတစ်ယောက် ယောက်ယပ်ခက်နေသောကြောင့် ရှေး မျက်ခူံးလေးပင့်တက်သွားကာ...
"အေးမာ ဘာဖြစ်နေတာလဲ.."
"ဟင် မမလေး..."
သူမအားမြင်တာနှင့် ငိုမဲ့မဲ့ဖြစ်နေသော
အေးမာ။"ဘာဖြစ်လိူ့လဲ...''
"ဟို..စျေး..စျေးသွားဖို့ လူမရှိလို့မမ..."
"ဟင် အခြားသူတွေရော..."
"မေမေကြီးနဲ့ ဘုန်းကြီးကျောင်းလိုက်သွားရတယ်မမလေး..."
ရှေးသက်ပြင်းလေးချလိုက်ကာ..
"ဒါဆို တို့သွားပေးမယ်လေ..."
"အမလေး မမလေးရယ် မလုပ်ပါနဲ့
အေးမာ ခေါင်းမပူချင်ပါဘူး..."အလန့်တကြားပြောလာသော
အေးမာကြောင့် ရှေးပြုံးလိုက်ကာ.."ဘာမှစိတ်မပူနဲ့ ရှေးဝယ်စရာလဲရှိလို့ပါ
နော် ဒါဝယ်မဲ့စာရင်းနဲ့ပိုက်ဆံလား
ရှေးသွားပြီနော်...''အေးမာ ဘာမှမပြောနိုင်ခင် ရှေး စျေး
ဆွဲ ခြင်းလေးယူကာ..စျေးကို ထွက်လာ
လိုက်လိုက်သည်။သူမ မီးဖိုထဲ ဝင်တော့လဲ ဘယ်သူကမှ
သူမကို အလုပ်ပေးမလုပ်တာကြောင့်
စျေးဆွဲ ခြင်းလေးကို အတင်းယူကာ
ထွက်လာခဲ့ ခြင်းဖြစ်သည်။မဟုတ်ရင် ရှေး အရမ်းတွေ စိတ်ကျင်းကြပ်
လွန်းလှသည်။သူ့ရဲ့ ဟိုဟာလုပ်လည်းမကြိုက်ဒီဟာလုပ်လည်းမကြိုက်...
ဆေးရုံပြန်လုပ်ချင်
တယ်ဆိုတော့လည်း လက်ထပ်ပြီးမှတဲ့..ရှေး
ပျင်းလို့ သမီးကို ထိန်းပြန်တော့လည်း မကြိုက်ပြန်..ကြာလာတော့..ရှေးသူ့ကို အမြင်တွေ ကပ်လာမိတော့သည်။တီ..တီ..တီ..
"အမလေး..."
ရှေး သူ့အကြောင်း စဥ်းစားနေရင်း
ကားဟွန်းသံကြောင့် လန့်ကာ...ခြေ
လှမ်းလိုက်ချိန်..ခြေချော်သွား
ကာ..လဲကျသွားမိတော့သည်။မင်းမျိုးမာန် မထင်မှတ်ထားပဲ
သူမကို တွေ့လိုက်ရတာကြောင့်
ဝမ်းသာသွားကာ..ကားဟွန်းတီးလိုက်
သော်လဲ..သူမလန့်ကာ..လဲသွားသောကြောင့်
သူ ကားကို လမ်းဘေးချရပ်လိုက်ကာ
ကားပေါ် က အမြန်ဆင်းသွားပြီး..