အပိုင်း (10)
"အဘွား...ကျွန်တော့်တို့ကို ခေါ်တယ်ဆို...''
တော်ဝင်နဲ့ ရှေး.. အဘွားအခန်းထဲ ဝင်လာပြီး
မေးချိန်..ဒေါ်နန်းမဟာ..ခေါင်းငြိမ့်ပြကာ..."ဟုတ်တယ်..မြေးတို့ ထိုင်..."
တော်ဝင်နဲ့ ရှေး အဘွားအရှေ့ ဆိုဖာ
ပေါ်တွင် ဝင်ထိုင်လိုက်သည်။ဒေါ်နန်းမဟာ မြေးနှစ်ယောက်အား
သေချာကြည့်ကာ.."အဘွားခေါ်တာက အခြားအကြောင်း
မဟုတ်ပါဘူး...မြေးတို့ရဲ့..မင်္ဂလာကိစ္စ
အကြောင်းကိုပြောမလို့...''"ရှင်..."
ရှေးမျက်ဝန်းလေးတွေ ပြူးကျယ်
သွားသလောက် သူကတော့အေး
ဆေးပင်။ရှေးသူ့လို လူ့ဂွစာကို တကယ်
လက်ထပ်ရတော့မှာလား...။"အဘွား..မေးချင်တာက..သမီးကို...''
"ရှေးကို ဟုတ်လား..အဘွား..
ဟုတ်ကဲ့မေးပါ...""သမီးမှာက..အုပ်ထိန်းသူ ရှိသေးလား..."
ရှေးခေါင်းလေးငြိမ့်ပြကာ..
"ဟုတ်ကဲ့..အဘွား..အဒေါ်တစ်
ယောက်ရှိပါတယ်..""ဟုတ်လား...ဒါဆို သမီးအဒေါ်ကို
အကြောင်းကြားရမယ်လေ...သမီးဘက်
က အုပ်ထိန်းသူ ရှိတော့..ပိုကောင်းတာ
ပေါ့.""ဟုတ်ကဲ့..."
"ဒါနဲ့ သမီးပုံကို ကြည့်ရတာ...
ပညာတက်တစ်ယာက်ပုံပဲ ကျောင်းပြီးသွားပြီလား ပုံပဲ..."အဘွားမေးကြောင့် သူက ရှေးကို
ဖြေလိုက်လေဆိုးသည့် သဘောဖြင့်
မျက်ခုံးပင့်ပြတော့..ရှေး မျက်စောင်းလေး
ထိုးပြီး အဘွားဘက်ကို ပြန်လှည့်ကာ..."ဟုတ်ကဲ့..အဘွား..ရှေးက နှလုံး
အထူးကု ဆရာဝန်ပါ..."ရှေးဖြေလိုက်တော့..အဘွားမျက်နှာ
ကြီး အံ့သြ၍ ပြုံးရွှင်သွားကာ.."အဘွား..ထင်တော့ထင်သားပဲ..
ဒါပင်မဲ့ ဆရာဝန်လို့တော့မထင်ထားဘူး
မြေးက တော်လိုက်တာ...ငါ့မြေးနှစ်
ယောက်လုံးကတော်နေတော့..မွေး
လာမဲ့ နောက်မြစ်လေးတွေက ညာဏ်
အရမ်းကောင်းကြမှာ..."