အပိုင်း(4)🍓🍓🍓🍓
"ရော့..."
ရှေးသမီးလေးအတွက်
အဝတ်အစားထည့်နေစဥ်
သူ ကမ်းပေး လာသော
စာရွက်ကိုကြည့်၍.."အဲ့ဒါ ဘာလဲ..."
"ခင်ဗျာ..အတွက်လေ...တော်ကြာ
ကျွန်တော်ကို..ခင်ဗျာ..မယုံမှာဆိုး
လို့...."သူအပြောကြောင့် ရှေး မျက်စောင်းလေး
ထိုးလိုက်ကာ..."ရပါတယ်..မလိုပါဘူး..."
"ဟာဗျာ..မရဘူး..လိုလိုမလိုလို...
ထိုး..ကျုပ်က သေချာတာပဲကြိုက်တယ်..."ရှေးသူ့ရဲ့ ပြူပြူပြာပြာ
အပြောကြောင့် မျက်ဝန်းလေး
ပြူးကာ...စာပင်ဖဖတ် ရသေးဘဲ
လက်မှတ်လေးအမြန်ထိုးပေးချိန် ရှေးလက်ထဲက စာရွက်လေးအား
ပြန်ဆွဲ ယူသွားသောကြောင့် ...
နှုတ်ခမ်းလေးကိုက်ကာ..."ဒီမှာ..တော်ဝင်ဂုဏ်...ငါဖတ်ကြည့်
အုံးမယ်ပေး...''တော်ဝင် သူမလက်မှတ်ထိုးထား
တာလေးကိုကြည့်ပြီး သဘောကျ
ပြုံးလိုက်ကာ..သူမလေးကိုပြန်ကြည်၍..."ခင်ဗျာ..ကျွန်တော်ကို..ယုံလိုက်...
ခင်ဗျာကို မဟုတ်တာ မထိုးခိုင်း
ဘူး...ဒါသမီးလေးက..ခင်ဗျာအပိုင်ဆို
တာထိုးခိုင်းတာ..."သူပြောတာကြောင့် ရှေး ငြိမ်သွားပြီး
သမီးအဝတ်တွေဆက်ခေါက်နေချိန် တော်ဝင်
မျက်မှောင် ကုတ်ကာ..ခါးကြီး
ထောက်ကြည့်လာ၍...."ဒါက..ဘာလုပ်ဖို့လဲ..."
ကလေးအဝတ်အစားတွေကို
မေးငေါ့ပြီး...မေးလာသောကြောင့်.ရှေး
သူ့အား မျက်ဝန်းလေးလန်ကြည့်ကာ..
မျက်တောင်ရှည်ကြီးတွေ တဖြတ်ဖြတ်ခက်လိုက်မိသည်။"သမီးအတွက် အဝတ်တွေလေ.."
"သိတယ်လေ..ဘာလုပ်ဖို့လဲမေးတာ.."
ရှေးသူရဲ့ စကားကြောင့် မျက်စောင်း
ထိုးကာ..."ဘာလုပ်ရမှာလဲ...သမီးအဝတ်အစားတွေ သမီးဝတ်ဖို့ယူသွားဖို့လေ..."
"အလေးခံပြီး သယ်မနေနဲ့..ဟိုမှာ..သမီး
အတွက် အဝတ်အစားတွေဝယ်ထားတာ
တစ်ခန်းလုံးပြည့်နေတာပဲ...လောလောဆယ်
ဝတ်ဖို့ပဲ..ထုပ်ထား..."