အပိုင်း(19)

11.8K 348 2
                                    

အပိုင်း (19)🍊🍊🍊🍊

"မြေး..ညက မြစ်လေး​​ မြေးတို့နဲ့
အတူအိပ်တာလား.."

"ဟုတ်ကဲ့..အဘွား..."

"အေးကွယ် ညက အဖွားလည်း ခေါ်ထား
ပါသေးတယ်..နန်းဆန်လေးက မြေးဆီကို
ပဲ သွားမယ်ကြီးပြောနေတာ..ဒါကြောင့်
ပို့ခိုင်းလိုက်တာကွယ်..."

"ရပါတယ်..ဘွားရဲ့..ရှေးဘာမှ မဖြစ်ပါဘူး
နောက်ညတွေလဲ ရှေးပဲ ခေါ်သိပ်လိုက်ပါ့မယ်.."

"ဖြစ်ပါ့မလားကွယ် မြေးတော်ဝင်က
ကဂျိကကြောင်နဲ့ကွဲ့..."

"ရပါတယ်ဘွားရဲ့..ရှေး တို့အတွက်
ပြဿနာမရှိပါဘူး..."

"ခဏနေ ပြင်ဆင်တော့မြေး ပြင်မှာ
ဆင်မှာနဲ့ဆို 9နာရီထိုးသွားမှာ...
ဆွမ်းလည်း ကပ်ရအုံးမှာဆိုတော့.."

"ဟုတ်ကဲ့ဘွား... ရှေး မနက်စာ ပြင်ဆင်
ပြီးတာနဲ့ ပြင်လိုက်ပါတော့မယ်...ပြီးတော့
ဆွမ်းကပ်ရမှာက ဒီက ချက်သွားမှာလား
ဘွား..."

"မဟုတ်ဘူး မြေးရဲ့ အဲ့ဒီမှာ ချက်ပြုတ်
တဲ့ သူတွေရှိတယ်လေ..အဘွားတို့က
ဒီကနေ ဘာဆွမ်းကပ်ချင်းတယ်လို့
ပြောလိုက်သူတို့က ချက်ပြုတ်ပေးတါ
အဘွားတို့ ပိုက်ဆံပဲ လှူပေးရတာ...''

ရှေးခေါင်းလေးငြိမ့်ပြကာ..

"ဟုတ်ကဲပါ..ဘွား..."

"အေးကွယ်..အခုက ရက်သပ်
မှတ်ဖို့ သွားပင်မဲ့ မင်္ဂလာဦး
ဆွမ်းကျွေးပါပဲ.."

"ဟုတ်ကဲ့ဘွား..."

"အေးအေး..ဘွားလဲ...လှူဒါန်း
ဖို့ ပစ္စည်းတွေ အလုပ်သမားကောင်
လေးတွေ ကားထဲ ထည့်နေတာ
စုံမစုံ သွားကြည့်လိုက်အုံးမယ်...''

ရှေး အဘွားသွားတော့မှ ထမင်းစားခန်းထဲ
ဝင်ကာ..သမီးအတွက်နို့ဖူး
လေး ဖျော်လိုက်ပြီး...ဘေးမှာ
မနက်စာပြင်နေတဲ့ ညိုညိုကို
ကြည့်ကာ..

"ညိုညို..ဘာတွေပြုံးနေတာလဲ..."

"ဟဲ..ဟဲ..မမလေးကလဲ ဒီနေ့
ဘုန်းကြီးကျောင်းကို ညိုညိုတို့
လဲ လိုက်ရမှာဆိုတော့ အဲ့ဒါ
ကြောင့် ပျော်နေတာပါ...."

"အဟွန်း..ဟုတ်ပါပြီး..ပျော်လဲပျော်
သေချာလည်းပြင်အုံး..အရမ်းလဲ
မချိုစေနဲ့.."

မင်းမှ လွဲ၍❤❤ (Complete) Unicode to Zawgyi Where stories live. Discover now