အပိုင်း (8)
မနက်မိုးချိန်...ရှေး အိပ်ယာ
အစောကြီး ထတက်သေယ အကျင့်ရှိတာ
ကြောင့် သူမကို ဖက်ထားသော သူ့လက်ကို
အသာဖယ်ကာ..အိပ်ယာပေါ်မှ ဆင်းလိုက်ပြီး...သူမကိုယ်သူမ ပြန်ဆန်းစစ်ကြည့်ကာ
ဘာမှမဖြစ်တာကြောင့် သက်ပြင်းချလိုက်မိသည်။ထို့နောက် အိပ်နေသော သူ့အားတစ်ချက်ကြည့်၍...မျက်စောင်းလေးထိုးကာ...
"တော်သေးတယ် လူစိတ်လေးရှိလို့..."
ေပြာပြီ ကိုယ်လက်သန့်စင်ရန်..ရေချိုးခန်းထဲ
ဝင်လာလိုက်တော့သည်။တော်ဝင် သူမရေးချိုးခန်းထဲ
ဝင်သွားတော့မှ နှုတ်ခမ်းများမှာ ပြုံးသွားလျှက်သူမရဲ့ ကလေးဆန်လွန်းတဲ့
အပြုအမူလေးကြောင့် တော်ဝင်
အသည်တွေယား
နေမိသည်။သူတစ်ညလုံးမခုထိ အိပ်မရသေးပါ။
သူမကို ရင်ခွင်ထဲဖက်ထားပြီး...
အိပ်နေပင်မဲ့လဲ အခုန်မြန်နေသော
ရင်ခုန်သံတွေကို တော်ဝင် မနည်း
ထိန်းနေရသည်။သူမကတော့ ကြောက်တယ်တာ
ပြောတာ..အိပ်တာကို တစ်ရေးမှ
မနိုး...ဂျလောက်...
ထိုအချိန် တံခါးဖွင့်၍ သူမရေချိုးခန်းက ပြန်ထွက်လာသော အသံကြားတာကြောင့် သူ မျက်လုံးတွေကို
ပြန်မှိတ်လိုက်ကာ..အိပ်ချင်ယောင် ဆောင်နေ
လိုက်သည်။ရှေး မှောက်ခုံကြီး အိပ်နေသော သူ့ကို ကြည့်ကာ..မျက်နှာလေးမဲ့ လိုက်ပြီး ခေါင်းဘီးရန်
မှန်တင်ခုံပေါ်ကို ကြည့်ချိန်...ဘီတစ်ချောင်း
နဲ့ သူ့အသုံးအဆောင်တွေပဲ ရှိတာကြောင့်
သူမ ဘီးလေးယူ၍
ခေါင်းလေးသာဖီးလိုက်သည်။ပြီးနောက် အိမ်အလုပ်
ဝိုင်ကူလုပ်ပေးရန်..အောက်ထပ်ကို
ဆင်းလာလိုက်သည်။မဟုတ်ရင် သူမကို ပြောသံတွေကြားရတော့မည်မဟုတ်လား။
"ဟယ်..မမလေး အစောကြီး
ဘာဆင်းလုပ်တာလဲ...''"ရှေး..ဝိုင်းလုပ်ပေးဖို့ ဆင်းလာတာပါ...''
ရှေး သူအထက်ငယ်မဲ့...အလုပ်သမား
ကောင်မလေး ပြာပြာသလဲမေးလာသောကြောင့်
ပြုံးကာဖြေလိုက်သည်။