အပိုင်း (11)🍓🍓🍓🍓
"မေမေ...ချစ်..ခစ်ခစ်...''
"အဟွန်း..မေမေလည်းချစ်ပါတယ်ကွယ်.."
ရှေး ချစ်စရာကောင်းပြီး အရမ်း
စကားတက်တဲ့ သမီးလေးကို အခန်း
ထဲ ခေါ်ပြီး သနပ်ခါးလိမ်ပေးနေသောရှေး
သမီးဖြစ်သူရဲ့ ချစ်စရာအပြောကြောင့်
သမီးနဲ့ နှစ်ယောက်အတူ ရယ်မောနေမိသည်။သူမ သမီးလေး ကို သေချာကြည့်မိ၍
မျက်မှောင်လေးကုတ်သွားကာ..."သမီး...သမီးဘာလို့ ဟိုစိတ်ပုတ်
နဲ့ တူနေရတာလဲ...""ခစ်..ခစ်..."
"ဟယ်..ကြည့်စမ်း..မေမေပြောတာကို
သမီးကနားလည်လို့လား...အဟွန်း..""မေမေ..ချိ..ချိ...''
ရှေးကို ချီခိုင်းနေတာကြောင့်
ရှေး သနပ်ခါးလေး လိမ်းပြီး
ချစ်စရာကောင်း တဲ့ သမီးလေး
ကို ချီလိုက်ကာ..ပြုံးလိုက်မိသည်။ထိုအချိန် ရှေး
မောင်လေးကို သတိရမိတော့
မျက်ရည်လေးတွေ ဝဲလာကာ..
မျက်တောင်ရှည်ကြီးတွေနဲ့
ပုတ်ထုတ်ကာ..."သမီး..ပြီးရင် မန်မန်...စားမယ်နော်..."
ဂျလောက်...
ထိုအချိန်ရေချိုးခန်းထဲက သူထွက်
လာ၍"မိန်းမ မောင့်ကို အင်္ကျီရွေးပေးအုံး..."
"ဘာ..."
သမီးကို ချီထားရင်း သူ့ကို
အော်လိုက်တဲ့ သူမကြောင့်
တော်ဝင် မျက်ခုံးပင့်တက်ပြီး..
ပြန်ကြည့်ကာ.."ဘာလို့ အော်နေတာလဲ
မောင်ဘာလုပ်ရသေးလို့လည်း...""မင်း..ဦးနှောက်ရောကောင်းသေး
ရဲ့လား...""ကောင်းပါတယ်..ဘာလို့လည်း.."
မသိသလိုမေးနေတဲ့ သူ့ကြောင့်
ရှေး သမီးကို ချီထားရင်းသူ့
ကို မျက်နှာလေးနီ၍ကြည့်ကာ.."မင်း...မင်းပါစပ်စည်းမရှိ..
ကမ်းမရှိ ဘာမိန်းမလဲ...""ဟာ..မင်းက မောင့်မိန်းမလေ..
ဒါကြောင့် မိန်းမလို့ခေါ်တာ
ပေါ့..""အို..ဘာမောင်လည်း..ဘာမိန်းမလည်း
မခေါ်နဲ့ မင်းမရှက်ပင်မဲ့ ငါရှက်တယ်..''