အပိုင်း (6)
ဒေါ်နန်းမဟာ မြေးမလေးရဲ့
လက်ကလေးကို ကိုင်ကာ..
မျက်ရည်တွေ စီးကျ၍
ကြည့်နေမိသည်။အေးမာ..မယ်မယ်ကြီးကို ကြည့်ကာ
စီတ်မကောင်းပင်မဲ့ ပြောစရာသတင်း
ကို တော့ပြောရပေအုံးမည်။"ဟိုလေ..မယ်မယ်ကြီး..."
ဒေါ်နန်းတော်ဝင် အေးမာရဲ့ မဝင့်မရဲ
ပုံကြောင့် မျက်ခုံးပင့်တက်ကာ..."ဘာလဲ..အေးမာပြောလေ..."
"ဟို...ဟို...သခင်လေး...
မိန်းမ မိန်းမ ပါယူလာပါတယ်...""ဘာ..အမလေး..."
ဒေါ်နန်းမဟာ..အံသြလွန်း၍
ရင်ဘက်လေးဖိလိုက်ကာ..."မြေးက မိန်းမ ယူလာတယ်ပေါ့...
ဘယ်ကမိန်းကလေးကိုလဲ..."အေးမာ...ခေါင်း
လေးငြိမ့်ပြကာ..လက်ကလေး
ဆုပ်ကိုင်ထား၍"ဟို...သခင်မလေးရဲ့ ယောင်းမတော်
သူပါ...ဟိုလေ...."စကားရပ်သွားတာကြောင့် ဒေါ်နန်းမဟာ
စိတ်မရှည်စွာ..."အေးမာ..ပြောလေ..ဘာလိုရပ်နေတာလဲ..."
အေးမာ မဝင့်မရဲဖြင့်....
"ကြည့်ရတာ..အဲ့ဒီမိန်းကလေးကို
သခင်လေးက..အတင်းလက်ထပ်ထား
သလိုပဲ အကိုလေး သူ့ရဲ့ မိန်းမလို့ပြောတော့..
အံ့သြပြီး မျက်ရည်တွေကျလာတာ
ပြီးတော့ သခင်မကြီးနဲ့ စကားအခြေ
အတင်ဖြစ်ပြီး..ပြန်မလို့လုပ်တယ်
သခင်လေးက ငါ့ခွင့်ပြုချက် မရဘဲ
လုံးဝမပြန်ရဘူးတဲ့..အဲ့ဒီမိန်းကလေး
ကို သူ့ရဲ့မိန်းမတဲ့..."ဒေါ်နန်းမဟာ...အေးမာအပြော
ကြောင့် အံသြနေကာ...သက်ပြင်း
လေးချလိုက်ပြီး...ခေါင်းလေးငြိမ့်ကာ.."အေးပေါ့..မြေးလဲ..သူ့ဘာသူ
ကိုယ်တိုင်ရွေးချယ်ချင်မှာပေါ့...
ဖြစ်လာမှတော့ ဘာပြောလို့ရတော့မှာလဲ...""ဘာမှ..ရွေးချယ်ခွင့်မပေးဘူးမေမေ..
ဘယ်က ဂုတ်စုတ် အနုတ်စုတ်တွေကို
ခေါ်ပြီး လက်ထပ် လာမှန်းမသိတာကို
နန်းတို့က လက်ခံပေးရမှာလားမေမေ..."အခန်းထဲ ဝင်လာ၍ ဒေါသတကြီး..
ဖြစ်နေသော သမီးဖြစ်သူကို ဒေါ်နန်း
မဟာကြည့်ကာ..ခေါင်းငြိမ့်လိုက်သည်။