အပိုင်း(25)

12.6K 417 2
                                    

အပိုင်း (25)🍓🍓🍓🍓

မင်္ဂလာရှိသော မနက်အချိန်အခါဝယ်.....
မင်္ဂလာရှိသော မနက်ခင်းလေးမှာ မင်္ဂလာ
ရှိသော နေ့ရက်ကို ရောက်ရှိလာပါပြီ....

"မြေးမလေး ပြင်ဆင်တာ ပြီးပြီလား...
ညိုညို.... "

"မပြီးသေးဘူး မေမေကြီး..မမလေး
က မပြင်ဘဲနဲ့တောင်လှနေတာ ပြင်လိုက်တော့
ပိုပြီးတော့တောင် လှနေသေးတယ်.."

ဒေါ်နန်းမဟာ ပြုံးလိုက်ကာ..

"ကျုပ်မြေးက အရမ်းလှတာကို...."

"မေမေ..ပြီးပြီလား..."

"ပြီးပြီလေ..."

"ဒါဆို နန်းတို့ ဘုန်းကြီးကျောင်း
အရင် သွားနှင့်မယ်လေ...."

"အင်း..သွားတာပေါ့...ညိုညို နင့်အကို
လေးကို သွားပြောစမ်း..ငါတို့ အရင်
သွားနှင့်မယ်လို့...နောက်မှ လိုက်ခဲ့ကြလို့..."

"ဟုတ်ကဲ့..မေမေကြီး..."

"ဒါနဲ့ ရှေးလေးရဲ အဒေါ်နဲ့ မောင်လေး
ကိုလည်း ခေါ်ခဲ့ သွားကြမယ်လ်ို့.."

"ဟုတ်ကဲ့ ညိုညို သွားပြောလိုက်ပါ့မယ်....."

"လာပါပြီ အဒေါ်..ကျွန်မတို့လည်း
ပြီးပြီ..."

ဒေါ်ငြိမ်းသူနဲ့ လရောင် ပြင်ဆင်ပြီး ထွက်
လာတော့...ဒေါ်နန်းမဟာ ပြုံးနေသလောက်
ဒေါ်နန်းတော်ဝင်ကတော့ မျက်နှာလေးတည်
နေရင်း ..

"မေမေ..နန်းကားပေါ်က စောင့်နေမယ်..."

"အေးအေး..."

ဒေါ်နန်းမဟာ ဒေါ်ငြိမ်းသူကို ကြည့်၍...

"အဒေါ် အခုပဲ လာခေါ်ခိုင်း
တော့မလို့ လူကြီးတွေက ဟိုကို
အရင်ရောက်ပြီး ဧည့်ခံရမယ်လေ..."

"ဟုတ်ကဲ့...ကျွန်မတို့တူကြီးနှစ်ယောက်က
အနောက်ကနေ ကားတစ်စီးနဲ့ လိုက်ခဲ့မယ်နော်.."

"ကောင်းပါပြီကွယ်..."

ဒေါ်နန်းမဟာ ပြောပြီး ကားရှိရာ
ကို ထွက်လာခဲ့ကြသည်။

"တော်ဝင် ဒီနေ့ ငါ မင်းကြောင့် ပြင်လို့
ပြီးအုံးမှာလား..."

"ဟာဗျာ..ရှေးကလဲ "

"ဘာရှေးကလည်းလဲ.."

ရှေး အနားက မနက်ထည်းက မခွာဘဲ
အလှပြင်ပေးတဲ့အမကို ဟိုဟာမလုပ်
နဲ့ ဒီဟာ မလုပ်နဲ့ဆိုပြီး ဘေးမှာ ဘာမှ
မလုပ်ဘဲ ထိုင်ကာပြောနေတာကြောင့်
ရှေး နားတွေပူလာ၍ အခု မခံနိုင်တဲ့
အဆုံး သူ့ကို ပြောနေတာဖြစ်သည်။

မင်းမှ လွဲ၍❤❤ (Complete) Unicode to Zawgyi Where stories live. Discover now